🤍ဇာတ်သိမ်းပိုင်း🤍

8K 410 14
                                    

( Unicode )

( ​ေမာင်တို့်မင်္ဂလာဦး )

( The End )

မင်္ဂလာဦးအိမ်အဖြစ် ဒေါက်တာ့ရဲ့တိုက်ခန်းလေးကိုသာရွေးချယ်ဖြစ်ခဲ့ကြပြီး တစ်ခန်းလုံးကိုမောင့်စိတ်တိုင်းကျ ပြင်ဆင်မွမ်းမံခဲ့သည်။

* ဒီတစ်ညတော့ မောင် ဆိုဖာမှာပဲအိပ်လိုက်ပါ *

မောင်ပြန်ပေးမယ့် တုံ့ပြန်မှုကိုစိတ်မဝင်စားပါ။နားမလည်သလိုလေးမော့ကြည့်လာတဲ့
မောင့်ကို အဲ့ဒီအတိုင်းပဲ အခန်းအပြင်မှာထား
ပစ်ခဲ့ပြီး ကိုယ့်အခန်းထဲကိုယ်ဝင်လိုက်ကာ
တံခါးကိုပါLockချပစ်သည်။

အိမ်မှာမိမိအပြင် နောက်တစ်ယောက်ပါအတူရှိနေတော့မှာကိုတွေးမိပြန်တော့ သူ့အတွက်ကိုယ်ကအလုပ်ပိုရဦးမည်ကို တွေးမိသည်နှင့် အသက်ရှုတွေမြန်လာရသည်။

တစ်နေ့လုံးပင်ပန်းထားရလွန်းလို့ ဒီညတော့စောစောအနားယူရန် ညနေစာပင်စားမနေတော့ဘဲ တစ်လျိုးတည်းအိပ်ပစ်လိုက်တော့မည်ဟုတေးမှတ်ထားခဲ့သော်လည်း အခန်းထဲမှာအမောစို့စရာမြင်ကွင်းကြီးက အဆင်သင့်ကြိုဆိုနေခဲ့၏။။

* ကျစ်..!!မေမေတို့က မဟုတ်တာတွေ လုပ်ထားကြပြန်ပြီ *

သူမြင်လိုက်ရတာက သူ့မျက်စိရှေ့ရိှဖြူလွှလွှဖဲမွေ့ယာကြီးထက်မှာ ဖြန့်ကျဲထားတဲ့နှင်းဆီပွင့်လွှာတွေနဲ့ရင်ဖိုချင်စရာအကောင်းဆုံးသော မင်္ဂလာဦးခုတင်ကြီးဆိုတာပါပဲ...။

* မဆိုးပါဘူးလှတော့လှပေမယ့် ပန်းနံတွေကအီလွန်းတော့ အန်ပစ်ချင်လာပြီ *

လက်ဖဝါးလေးများက မျက်နှာနုနုလေးကိုကွယ်ဝှက်ထားလိုက်ပြီး နှာခေါင်းလေးကို
တရှုံ့ရှုံ့လုပ်နေကာ ဒီပန်းရနံစူးစူးကိုသူမခံနိုင်ကြောင်းပြသည်။မဲ့တဲ့တဲ့ဖြစ်သွားတာတောင် မျက်နှာလေးကလှနေဆဲမို့လို့ မောင်သာမြင်ကြည့် ဘယ်လောက်တောင်များဖက်နမ်းချင်နေလိုက်မလဲ...?။

ဘယ်သူကများ ဒီလိုအပိုတွေ လာလုပ်ထားရတာလဲ။မောင်..ငါ့ကိုကတိပေးထားတာကို
မသိလို့ပဲဖြစ်ကြမှာ။ဒီလိုတွေပြင်ဆင်ထားလဲ
ဒီညက သာမန်ညတစ်ညထက်တော့ ပိုမှာမဟုတ်ပါဘူး။ငါမကြည်ဖြူရင် သူ-မထိပါဘူးလို့ မောင်က ကတိတွေအထပ်ထပ်ပေးခဲ့တာကို။

လူဆိုးကောင် (completed)Where stories live. Discover now