🤍အပိုင်းတစ်ဆယ်🤍

4.3K 416 58
                                    

(UNICODE)

(အပိုင်းတစ်ဆယ်)

ဂျွန်ဂျောင်ကုက အဖြေထုတ်ရခက်တဲ့ ပုစ္ဆာဆန်းတစ်ပုဒ်များလား...?။ငါနဲ့အဝေးဆုံးကို တွန်းထုတ်ပစ်ချင်သလို တစ်ပြိုင်တည်းမှာလည်းသူ့ကိုဖမ်းဆွဲထားချင်နေတယ်။ဒါကိုအချစ်တစ်ခုလို့တော့ ခေါင်းစဥ္မတပ်ချင်သေးဘူး။

ငါ့ရင်ထဲ သူ့အတွက်သီးသန့်ဖြစ်တည်မှုတွေပေးဖို့ သိပ်စောလွန်းနေသလားလို့ပါ...။

•••••• လူဆိုးကောင် ••••••

ညနေစောင်းသည်နှင့် မောင်ဟာချက်ချင်းပဲ
ဒေါက်တာရှိရာဆီအပြေးလေးသွားတွေ့ဖို့လုပ်တော့သည်။လက်ထဲက ကျူးလစ်ဖြူဖြူလွှင့်လွှင့်လေးတစ်ခက်ကိုလည်း မောင်ဟာ မက်မက်စက်စက်ငုံနမ်းခဲ့ပြန်သေးတာ။

ကျူးလစ်ပန်းလေးတစ်ခက်နှင့်မောင့်မှာ ချစ်ရသူရှေ့ခစားရန်အသင့်။ပွင့်ဖတ်ငယ်တွေကိုနမ်းရှိုက်လိုက်ရင်း မောင်ဟာ ကြည်ကြည်နူးနူးပြုံးလိုက်ပါသည်။အချစ်မှာကျရှုံးနေသူပမာ ချစ်နေရရုံနဲ့တင်မောင့်ဘဝကြီးပြီးပြည့်စုံနေပါပြီတဲ့။

* ဖယ် ဖယ်!အားလုံးလမ်းရှင်းပေးကြပါ *

မောင့်ဒေါက်တာရဲ့အော်သံကြောင့် တွန်းလှည်းတွန်းနေသူတွေမှာ ပိုအားစိုက်ထုတ်၍တွန်းပေးကြပါသလို၊ဆေးရုံ၏စင်္ကြ့လမ်းမတစ်လျှောက်ထက်တွင် လူနာတင်တွန်းလှည်းရဲ့ဘီးလှိမ့်သံတွေမှာ ပဲ့တင်ထပ်နေခဲ့ပါသည်။

ရှုပ်ယှက်ခက်သွားတဲ့ထိုလူအုပ်ကြီးထဲမှာ မောင်လည်းရှိနေခဲ့တယ်။တီးတိုးပြောနေတွေကြားထဲတွင် မောင်တစ်ယောက်ယောင်တောင်ပေါင်တောင်ဖြင့် ဘေးကပ်ရပ်ပေးနေလိုက်ရ၏။

ထိုအခါ တစ်ဆတ်တည်းဆိုသလိုတွန်းဝင်လာတဲ့ လူနာတွန်းလှည်းထက်၌ဒေါက်တာပတ်ခ်ကိုယ်တိုင်ပါလာတာကိုတွေ့လိုက်ရသည်။လူနာကိုတစ်လှည့် လမ်းရှင်းပေးဖို့အော်ရတာတစ်လှည့်နှင့် အလုပ်ရှုပ်နေပါသော မောင့်ဒေါက်တာလေးမှာ ပင်ပန်းနေတော့မယ်။

* ကျွန်မတို့သားလေးကို ကယ်ပေးပါ  *

ချက်ချင်းပင် ငိုသံတွေနဲ့ဆူညံသွားခဲ့ရ၏။
ဘယ်သူတွေလည်း မောင်စိတ်မဝင်စားပါ။
သူသိတာက ဂျူတီကုတ်တစ်ထည်လုံးသွေးစွန်းနေပြီး အသက်ကယ်ဖို့စိတ်လောနေရှာတဲ့ သူ့ဒေါက်တာလေးကိုသာဖြစ်သည်။

လူဆိုးကောင် (completed)Where stories live. Discover now