🤍အပိုင်းတစ်ဆယ့်ခုနစ်🤍

4.7K 356 25
                                    

( Uncode )

( အပိုင်းတစ်ဆယ့်ခုနစ် )

အဆက်မပြတ်တွေ တဒီးဒီးတုန်ခါနေသည့်ဖုန်းကြောင့် အလုပ်ရှုပ်နေတဲ့ကြားကနေ ဖုန်းကိုင်လိုက်ရပြီးတစ်ဆတ်တည်းဆိုသလို စပီကာပါဖွင့်လိုက်သည်။

တစ်ဖက်ကစကားတွေကြောင့်ဖြစ်မယ်ဂျီမင်ရဲ့မျက်စံနက်နက်တွေမှာ လှုပ်ခတ်သွားရပြီး အလွန်အမင်းကိုအံဩမှင်သပ်သွားပုံရ၏။
ထို့နောက်လက်ထဲကဆေးစာရွက်တွေကိုပစ်ချလိုက်ပြီး နထင်ကိုလက်ဖနောင့်ဖြင့်အသာဖိထားလေသည်။

* လက်ထပ်ရမယ်!!ဟုတ်လား မေမေ *

ဖုန်းစပီကာခွက်မှနေ ခပ်စူးစူးထွက်လာတဲ့
ဂျီမင်အော်သံက အနည်းငယ်ကျယ်လောင်သွားသည်မို့ တစ်ဖက်ရှိဂျီမင်မေမေသည် ဖုန်းခွက်မှနေ နားကိုအလျင်အမြန်ခွာပစ်လိုက်ရသည်။

* မဖြစ်နိုင်တာမေမေရယ်..သားကဘာလို့လက်ထပ်ရမှာလဲ မဟုတ်သေးပါဘူးဗျာ။သားသဘောမတူဘူးနော် မေမေတို့ဇွတ်မလုပ်ကြပါနဲ့ *

မိဘတွေဆုံးဖြတ်တိုင်း သူကလိုက်လုပ်ပေးရမှာလား။အဓိပ္ပာယ်မရှိတာကို...။

* ရည်းစားတွေဖြစ်နေကြပြီဆို အချိန်ဆွဲမနေတော့ဘဲ လူကြီးတွေနေရာချပေးတုန်း ယူလိုက်ကြရောပေါ့..ငါ့သားနှယ်..! ဘာကများခက်နေသေးလို့လဲMin-ahရယ် *

ဖုန်းခွက်ထဲကပျံ့လွွင့်လာတဲ့မေမေအသံဟာ
တင်းမာလျက်။မေမေနဲ့သေချာစကားပြောဖို့လိုလာပြီ။

* ရည်းစားတွေဖြစ်ကြတယ်ဆိုတိုင်း တန်းလက်ထပ်ကြတာဘယ်မှာများရှိလို့လဲ?မေမေရော မြင်ဖူးလို့လား​။သား အိမ်ထောင်မပြုချင်သေးဘူး *

* မယူချင်ရတဲ့အကြောင်းကို မေမေတို့နားလည်အောင် သားဘက်က ရှင်းပြသင့်တယ်လို့ မထင်မိဘူးလား *

* ဘာလို့ဖြစ်ရဦးမှာလဲမေမေရယ်..သားမချည်နှောင်ခံချင်သေးလို့ပေါ့။သားရှေ့့ရေးအတွက်ချထားတဲ့ပလန်တွေတောင်မပြည့်သေးတာကို ချက်ချင်းကြီးယောကျာ်းယူရတော့မှာလား *

ဖုန်းခွက်ထဲမှတစ်ဆင့်ကြားနေရတဲ့သားဖြစ်သူအသံကိုရှင်းလင်းစွာကြားရဖို့အရေး မနည်းနားထောင်ယူနေရသည့်အဖြစ်ပါ။

လူဆိုးကောင် (completed)Where stories live. Discover now