(Unicode)
(အပိုင်းကိုး)
"Ding Dong!
Ding Dong!!"အဆတ်မပြတ်မြည်နေသည့်ဘဲလ်သံကြောင့်
အိပ်နေရာမှလန့်နိုးသွားရကာ နံရံပေါ်ကနာရီကိုလှမ်းကြည့်ဖြစ်သည်။သန်းခေါင်ယံချိန်ကိုညွှန်ပြနေတဲ့နာရီလက်တံတွေကြောင့် ဒေါက်တာ့မျက်နှာကလေးမှာမှုန်ကုပ်ကုပ်လေးဖြင့်။"Ding Dong..!"
အတွေးများနေစဥ္ ထပ်မံထွက်ပေါ်လာတဲ့ဘဲလ်တီးသံကြောင့် ခန္ဓာကိုယ်သေးသေးလေးမှာ တုန်တက်သွားရင်းထိတ်လန့်ရပြန်တယ်။
ခုတင်ပေါ်တွင် ငြိမ်ငြိမ်လေးထထိုင်နေခဲ့ပြီး အပြင်ဘက်ကအသံတွေကိုနားစွင့်နေခဲ့တယ်။" ချောက်!ချောက်! "။
မီးထဖွင့်လိုက်ပေမယ့် မျှော်လင့်ထားခဲ့သလိုအခန်းမီးက မလင်းလာပါ။
* မီးပျက်နေတာလား~~ဘာတုန်း? *
မီးခလုတ်ကို တချောက်ချောက်နဲ့ပိတ်ချည်
ဖွင့်ချည်ထပ်လုပ်ကြည့်ပြီးနောက်တွင်တော့ တကယ်ပဲမီးပျက်နေတယ်ဆိုတာကို လက်ခံလိုက်ရတော့၏။" ဂျိန်း!! "။
* အိုမား....! *
တိုက်ခန်းလေးထဲ ပဲ့တင်ထပ်ရစွာ ကြားလိုက်ရသော ကျယ်ကျယ်လောင်လောင်အသံလှိုင်းကြီးတစ်ခုကြောင့် ဒေါက်တာသည်သူ့နားရွက်လေးတွေကို ဖိအုပ်ထားလိုက်ပြီး ခေါင်းလေးကိုပါငုံ့ချပစ်လိုက်သည်။
မိုးခြိမ်းလိုက်တာပဲ။ဘာလို့ဒီနေ့ကျမှ မိုးခြိမ်းတာက အဲ့လောက်ထိထိတ်လန့်ချင်စရာကောင်းနေရတာလဲ။ဒါကတော်တော်လေးကို မဟုတ်တော့ဘူး။
မီးကပျက်တယ် မိုးကကြောက်စရာကောင်းအောင်သည်းကြီးမည်းကြီးရွာနေပြီးတော့
ကိုယ့်အခန်းဘဲလ်ကလည်း အဆတ်မပြတ်မြည်နေသေးတယ်။ဒီလိုမျိုး မြင်ကွင်းက
သည်းထိတ်ရင်ဖိုရုပ်ရှင်တွေထဲမှာ ပါနေကျဇာတ်ဝင်ခန်းနဲ့အတူတူပဲ။မဟုတ်မှ...!ငါ့ဆီ တကယ်ကြီးလူသတ်သမားရောက်လာတာများလား။ အခုဘယ်လိုလုပ်ရမလဲ။
" Ding Dong..!"
ထပ်မံထွက်ပေါ်လာသော ဘဲလ်သံကြောင့်
လက်ထဲက သံရိုက်တူကိုတင်းနေအောင်ဆုပ်ကိုင်လိုက်ပြီး တံခါးမကြီးရှိရာဆီသို့ တရွေ့ရွေ့တိုးကပ်သွားလိုက်ပြီး ချောင်းကြည့်ပေါက်(တစ်နည်းဆိုသော်)မှန်ဘီလုံးအပေါက်ငယ်မှနေ အပြင်ကိုချောင်းကြည့်သည်။
YOU ARE READING
လူဆိုးကောင် (completed)
Fanfictionကျူးလစ်ဝါလေးတစ်ခက်နဲ့ မောင့်အချစ်ကိုရည်ညွှန်းမယ်...။