🤍အပိုင်းခုနစ်🤍

5.3K 445 99
                                    

(Unicode)

(အပိုင်းခုနစ်)

ဂျွန်ဂျောင်ကုနဲ့ပြန်ဆုံလိုက်ရတာက သူ့အတွက်တော့ မုန်းတိုင်မိသူတစ်ယောက်လိုဖြစ်ရတာပါပဲ။ဘာကောင်းကျိုးမှရှိမနေဘူး။
ပြန်တွေ့တာဖြင့်နာရီပိုင်းပဲရှိသေးတယ်။ခံစားချက်တွေက ကောင်းမနေတော့ပါဘူး။

ဘာတွေများထပ်ပြီး ပြသနာတွေထပ်ရှာဦးမလို?ဒီနေရာအထိ လိုက်လာရဲရတာလဲ။
သူ့ခေါင်းထဲမှာ တစ်ခုခုတော့အကြီးကြီး ကြံစည်ထားတာရှိလိမ့်မယ်။ရုပ်ကိုက နည်းနည်းလေးမှ သင်္ကာစရာကောင်းမနေဘူး။

* * * * * လူဆိုးကောင် * * * * *

* အသားယူယူနိုင်လွန်းတဲ့ကောင်!နောက်တစ်ခါဆို အသေပဲ *

ဒေါက်တာပတ်ခ်သည် သန့်စင်ခန်းထဲ လက်ဆေးနေရင်းတန်းလန်း မှန်ကြည့်လိုက်မိသည်နှင့် သူ့ပါးကိုငုံနမ်းသွားတဲ့ဂျွန်ဂျောင်ကု၏မျက်နှာကြီးအား မြင်ယောင်လာမိတာမလို့ ခပ်တိုးတိုးကျိန်ဆဲလိုက်ပါသည်။

မက််မွန်ရောင်လှိုင်းထနေသည့်ပါးမို့မို့လေးကို ရေစက်တွေနဲ့ထိတွေ့ပစ်ပြီး မျက််မှောင်လေးလည်းကျုံ့ထားကာ နှုတ်ခမ်းဖူးဖူးလေးကိုပါ စူထားမိသည်။ဒီပုံစံလေးကိုမြင်လိုက်ရသောဒေါက်တာကင်မှာ စိုးရိမ်တကြီးမျက်နှာနဲ့ သူ့အနားကိုရောက်ချလာခဲ့၏။

* အဆင်ပြေရဲ့လား *

* ဟုတ်ကဲ့ပြေပါတယ် စီနီယာ *

* ပြေရင်ပြီးတာပါပဲ။ဂျီမင်အေးဆေးလုပ် ကိုယ်အပြင်ထွက်ပေးမယ် *

အရင်ဆေးကြောပြီးသွားတဲ့စီနီယာက အလိုက်တသိထွက်သွားပေးခဲ့ပြန်တာမို့
ဂျီမင်ခမျာ အံသာကြိတ်လိုက််မိရင်းမျက်နှာလေးမှာရှုံ့ခနဲဖြင့်။စီနီယာငါ့ကို တစ်ခုခုတော့အထင်မလွဲသွားလောက်ပါဘူးနော်။.......။

ဂျူတီချိန်လည်းပြီးပြီ။ဒီနေ့အတွက် ခွဲစိတ်မှုလုပ်ပေးခဲ့တာလည်း အောင်မြင်ခဲ့တာကြောင့်
သည်တစ်နေတော့ တာဝန်ကြေသွားပြန်ပါပြီ။
ဆိုတော့ကာ အိမ်ပြန်မယ့်ခြေလှမ်းတွေဟာ ပီတိကြောင့်နဲ့ ပေါ့ပေါ့ပါးပါးရှိနေခဲ့ပါတယ်။

လူဆိုးကောင် (completed)Where stories live. Discover now