Ep.1

29.7K 1.2K 53
                                    


Zawgyi

တိုက်နံပါတ် ၂၂၀၁မှာ အချစ်ရှိတယ်(one short Ep 1)

"ကျန့်ကျန့်ကို ဘယ်နေ့ လာပို့မှာလဲ"

"မနက်ဖြန်ပဲ လာပို့မယ်လေ ကားနဲ့ထည့်ပေးလိုက်မယ်"

"ခလေးက လာတတ်လို့လား အကိုကလည်း ခလေးတစ်ယောက်တည်းကို"

"ဘာဖြစ်လဲ ယောက်ျားလေးပဲ "

"အဲ့ဒါဆို ညီမ ကားဂိတ်မှာ သူ့ဦးလေးကိုလာကြိုခိုင်းလိုက်မယ်"

ဒီအကြောင်းအရာက ကျွန်တော့်ရဲ့ပါး နဲ့ သူ့ညီမ ကျွန်တော့်အန်တီ တို့ အပြန်အလှန် ဖုန်းဖြင့်ပြောနေကြခြင်းပင်ဖြစ်သည်။ ကာယကံရှင်ဖြစ်တဲ့ ကျွန်တော့်ရဲ့ဆန္ဒကို မေးမြန်းခြင်းမရှိ ၊ ပါးရဲ့ဆန္ဒဖြင့် ခုတော့ ကျွန်တော့်အန်တီရှိရာ တရုတ်ပြည်ရဲ့မြို့တော်သို့ မနက်ဖြန် သွားရတော့မည်။

ခရီးသွားရလို့စိတ်ညစ်တဲ့အထဲ ရှောင်းကျန့်တို့မပါပေမဲ့ ခုက သွားရမှာတစ်ယောက်တည်း။
ဘယ်တုန်းကမှ ဝေးဝေးနီးနီး တစ်ယောက်တည်း ဘယ်ကိုမှ မလွှတ်ပေးဖူးတဲ့ ရှောင်းပါးက ခုမှ ဘာစိတ်ကူးပေါက်ပြီး မြို့တော်ကို လွှတ်လိုက်တာလဲ။ စဉ်းစားမရဘူး..။ အမြဲတမ်း 'ငါ့သားလေးကို စိတ်မချဘူး' ဆိုပြီး မျက်စိအောက်က အပျောက်မခံဘူးတဲ့ ရှောင်းမားကလည်း တိတ်ဆိတ်လို့။

ရှောင်းကျန့်က တစ်ဦးတည်းသောသား။

ရှောင်းကျန့်တို့မိသားစုက မချမ်းသာဘူး။ ဒါပေမဲ့ စားနိုင်သောက်နိုင်တယ်။ ရှောင်းပါးက ဌာနဆိုင်ရာက ရုံးစာရေး ၊ ရှောင်းမားက ဈေးထဲမှာ အတော်အတန်ကြီးတဲ့ ကုန်ခြောက်ဆိုင်လေးဖွင့်ထားတယ်။ တစ်ဦးတည်းသောသားလေးဖြစ်တဲ့ ရှောင်းကျန့်က ရှောင်းပါးမွေးနေ့လက်ဆောင်အဖြစ်ပေးထားတဲ့ စက်ဘီးလေးကို တစ်ယုတယစီးရင်း အိမ်နဲ့ မားဆိုင်ကို အသွားအပြန်လုပ်တယ်။

ရှောင်းကျန့်တို့က နယ်ဘက်က မြို့သေးသေးလေးမှာ မိသားစု၃ယောက် အပူအပင်နည်းနည်းနဲ့ ပျော်ရွှင်စွာ နေကြတယ်။ ရှောင်းကျန့်က နယ်မြို့ရဲ့ အစိုးရကျောင်းလေးမှာပဲ အထက်တန်းအောင်ပြီးတာ။ ရှောင်းကျန့်တို့အစိုးရကျောင်းမှာတော့ ရှောင်းကျန့်က နာမည်ကြီးတယ်။

Building2201 has my Love (Completed)Where stories live. Discover now