Ep .3

8.7K 851 2
                                    

3

လေးနှစ်ကြာပြီးနောက်...........။

ဝမ်ရိပေါ်...ငါတို့မတွေ့ရတာ လေးနှစ်တောင်ရှိနေပြီ။ မင်းရော ခု ဘယ်လိုနေလဲ။ မင်းကတော့အဆင်ပြေနေမှာပေါ့။ မင်း.....မင်း...ငါ့ကိုမေ့နေပြီလား...။

ရှောင်းကျန့်ရေးလက်စ စာအုပ်လေးကိုပိတ်ပြီး ဘောပင်လေးကို အံဆွဲပထမထပ်ရဲ့ ထောင့်လေးမှာ သိမ်းလိုက်သည်။

ဒီဘောပင်လေးက ဝမ်ရိပေါ်နဲ့ပတ်သက်ပြီး ရှောင်းကျန့်အတွက် အလွမ်းပြေစရာလေးတစ်ခုပင်။

ရှောင်းကျန့် လည်း အိမ်မပြန်ဖြစ်တာ တစ်လလောက်ရှိပြီမို့ နောက်အပတ်လောက်တော့ ပိတ်ရက်အိမ်ပြန်အိပ်လိုက်ပါအုံးမယ်။

အဆောင်ကိုစရောက်လာတဲ့နှစ်ကဆို ရှောင်းကျန့် တစ်ပတ်တစ်ခါ ပိတ်ရက်တိုင်း အန်တီရှောင်းအိမ်ကို ပြန်သည်။ ရှောင်းကျန့်ပြန်တိုင်း အရှေ့မျက်နှာချင်းဆိုင်က ပြတင်းပေါက်လေးကတော့ ငြိမ်သက်နေမြဲပင်။ နယ်က ပါးနဲ့မားဆီကိုတောင် ထိုတစ်နှစ်လုံးလုံးမပြန်ဖြစ်။

တစ်ခါတလေ အန်တီရှောင်းအိမ်ကို ပြန်ရောက်တုန်း ဝမ်မားနဲ့ဆုံမိရင် ဝမ်မားကတော့ သူ့သားရှောင်ဝမ်အကြောင်း ပြောပြပါတယ်။ ရှောင်ဝမ်က အမေရိက ရောက်ကတည်းက လိမ္မာပြီး စာကြိုးစားနေလို့ ဝမ်မားက အဲ့ဒါ ကျန့်ကျန့်ကျေးဇူးဆိုပြီး လာပြောနေပါရော။ ဝမ်မားက ရှောင်းကျန့်ကို လာရွဲ့နေတာလား.....။

တစ်ခါမှတော့ ရှောင်ဝမ်က ကျန့်ကျန့်အကြောင်းမေးနေတယ် ဆိုပြီး ဝမ်မားပြောတဲ့အထဲ မပါဖူးဘူး.။ ရှောင်းကျန့်ကသာ ဝမ်ရိပေါ် များ ရှောင်းကျန့်ကို သတိရနေကြောင်းလေး ပါမလားလို့ ဝမ်မားကို မျှော်လင့်တကြီး ကြည့်နေပေမဲ့ ဝမ်မားကတော့ သူ့သား ရှောင်ဝမ် အမေရိကမှာ ဘယ်လောက်လိမ္မာကြောင်း ၊ အရင်လိုမဟုတ်တော့ပဲ သူငယ်ချင်းတွေပါ ပေါလာကြောင်း ၊ ရောဂါလည်း သိပ်မဖြစ်တော့ပဲ ကျန်းမာရေးလည်း ကောင်းလာကြောင်း ၊ သူ့သားကောင်းကြောင်း၊ အဆင်ပြေကြောင်းတွေသာ ပြောနေတာ ရှောင်းကျန့်ရဲ့မျက်နှာကိုမကြည့်ဘူး။

သိပါပြီ...အဲ့လောက်ဆို ရှောင်းကျန့်သဘောပေါက်ပါပြီ။ ရှောင်းကျန့်က မ အ ပါဘူး။ ဝမ်ရိပေါ် ရှောင်းကျန့် ကို မေ့နေပြီဆိုတာ ရှောင်းကျန့် သဘောပေါက်ပါပြီ.။ ဝမ်ရိပေါ်က အပေါင်းအသင်းအသစ်တွေနဲ့ ပျော်နေပြီး ရှောင်းကျန့်ရှိခဲ့ဘူးတာကိုတောင် အမှတ်မရတော့ဘူးဆိုတာ ရှောင်းကျန့်နားလည်ပါပြီ။

Building2201 has my Love (Completed)Where stories live. Discover now