Extra..3

7.6K 497 31
                                    

Unicode


ဝမ်ရိပေါ် ကုမ္ပဏီသို့ ရောက်တဲ့အခါ ကုမ္ပဏီရဲ့ အဝင်ဝတွင် အနီရောင် ferrari တစ်စီးက ကိုးလို့ကန့်လန့် ထိုးရပ်ထားတာ မြင်လိုက်တယ်။ ဝမ်ရိပေါ် ရဲ့ တိကျသေသပ်တဲ့ မျက်ခုံးထူထူတွေ တစ်ချက် ပင့်သွားတယ်။

ရစ်ချတ်လော့နာက သူ့ကုမ္ပဏီကို ဒီလောက်အစောကြီး ရောက်လာတယ်လား။ သူ ချိန်းလိုက်တာ နေ့လယ်မှပါ။

သူ့ရုံးခန်းရဲ့ရှေ့မှာ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေနဲ့ မန်နေဂျာချုပ်က ဂနာမငြိမ် လှုပ်ယွနေကြတယ်။

အားလုံးကို ခေါင်းတစ်ချက်ငြိမ့်ပြကာ သူ ရုံးခန်းထဲ ဝင်လိုက်တယ်။

သူထင်ထားသလို စီးပွားရေးသမားတစ်ယောက်ဆိုတာထက် ကျောင်းကြိုဆိုပွဲပါတီကို တက်လာတဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်သာသာ ဖြစ်နေတယ်။

"...Jade Laurance.. "

သူ့ရဲ့ အမေရိကန်နာမည်ကို ထိုကောင်လေးက ခေါ်လိုက်တယ်။ ပုခုံးထောက်ဆံပင်ရွှေရောင်တွေကို ခပ်တွန့်တွန့်ပုံ ပုံသွင်းထားကာ ရှုပ်ယှက်ခတ်လှတဲ့ အဝတ်အစားဒီဇိုင်းပုံနဲ့ ရစ်ချတ်လော့နာ ဆိုတဲ့ ကောင်လေးက ရုပ်ရည်လေးတော့ မဆိုးဘူး။ သို့သော် သူ့ကို တွေ့ချင်ရအောင် ရစ်ချတ်လော့နာ နဲ့သူ့ကြားမှာ ဘာအဆက်အစပ်မှမရှိ။

သူ့ကို မတ်တပ်ရပ်ကာ နှုတ်ခမ်းတွေပြန်မစိနိုင်အောင် အပြုံးကြီးပြုံးနေသော ရစ်ချတ်လော့နာ ကို ခေါင်းညိတ်အသိအမှတ်ပြုကာ ဆိုဖာကို ညွှန်ပြလိုက်တယ်။

"..ထိုင်ပါ....ကျွန်တော့်ကို တွေ့ချင်တယ်ဆိုတော့......ဝေ့ဝိုက်မနေတော့ပဲ လိုရင်းပဲ ပြောရအောင်..ရစ်ချတ်လော့နာက ဘာလိုချင်တာလဲ..တန်ဖိုးမြှင့်ချင်လို့လား..."

"..ဂျိတ်လောရင့်စ်....ဂျိတ်လို့ပဲ ခေါ်မယ်နော်.."

ဝမ်ရိပေါ် ဟာ မျက်နှာအမူအရာ တည်ငြိမ်စွာပဲ ​ခေါင်းညိတ်ပြလိုက်တယ်။

"...ငွေက တို့အတွက် အဓိက မကျပါဘူး....တို့က ဂျိတ်နဲ့ ရင်းနှီးချင်လို့ ခုလို လူချင်းတွေ့လို့ရအောင် တောင်းဆိုလိုက်တာ.."

Building2201 has my Love (Completed)Where stories live. Discover now