Ep 10

7.9K 665 21
                                    

10

"ရိပေါ်...အရင် ၂၂၀၁ မှာနေတုန်းက မင်းအဖေက အစိုးရဌာနက အရာရှိ ဖြစ်ခဲ့တာမဟုတ်ဘူးလား"

"ဟုတ်တယ်လေ..."

ရိပေါ်က စတိုင်ပန်အနက်ကိုဝတ်ထားပြီး အဖြူရောင်လက်ရှည်အင်္ကျီပေါ် ကုတ်အနက်ထပ်ဝတ်ရင်း ရှောင်းကျန့်အမေးကို ဖြေနေသည် ၊ ရှောင်းကျန့် က ကုတင်ပေါ် ပျင်းရိစွာလှဲလျောင်းနေရင်း ရိပေါ်အဝတ်လဲနေတာကို မျက်ဝန်းစိိုစိုလေးများဖြင့် ကြည့်နေသည် ။

ရှောင်းကျန့် ..ရိပေါ်ရဲ့အခန်းထဲမှာ နေနေတာ ထိုကိစ္စဖြစ်ပြီးကတည်းက ၊ ရိပေါ်က ရှောင်းကျန့် ကို သူနဲ့သာအတူနေစေသည် ၊ ရှောင်းကျန့် နေခဲ့တဲ့အခန်းထဲက ပစ္စည်းအားလုံးကို ရှောင်းကျန့်မသိလိုက်ခင် သူ့ဘာသာအကုန်ရွှေ့ပြောင်းထားသည် ၊

ရှောင်းကျန့်မှာ ပေါင်မုန့်ဆိုင်လေးကို လည်း သွားတစ်ရက် မသွားခြောက်ရက်ဖြင့် သာ ရှိတော့သည် ၊ ဝမ်ရိပေါ်က ရှောင်းကျန့်ကို နည်းအမျိုးမျိုးဖြင့် အိမ်ထဲ၌သာ ပိတ်ထားတော့သည် ၊ တကယ်ဆို ဝမ်ရိပေါ် သူကျ ပိတ်ရက်မှလွဲ၍ နေ့တိုင်းအပြင်တွေထွက်နေပြီး ရှောင်းကျန့်သွားမယ်ပြင်တိုင်း တားမြစ်ပိတ်ပင်နေတော့သည် ။

ဒါ့အပြင် ရှောင်းကျန့် ကပဲ စိတ်ထင်လားမသိတော့ပါဘူး...ဝမ်ရိပေါ်က ထိုကြေညာသောကိစ္စဖြစ်ပြီးနောက်ပိုင်း ပိုတင်းကြပ်စွာ ကြည့်နေသလိုခံစားရသည် ။ ​

"ဝမ်ကော်ပိုရေးရှင်း ဆိုတာက မင်းတို့ပိုင်တာလား"

"မဟုတ်ဘူး"

"ဟမ်..."

"ပါး ပိုင်တာ.. ကျွန်တော်မပိုင်ဘူး"

လူဆိုးကောင်...ဝမ်ပါးက မင်းအဖေလေ။

"အဲ့နေ့မနက်က မင်းမျက်နှာက ဒဏ်ရာက ဝမ်လူကြီးမင်း လက်ချက်လား"

အားလုံးပြီးစီးပြီး အပြင်သွားရန်အဆင်သင့်ဖြစ်နေသော ဝမ်ရိပေါ်က ရှောင်းကျန့်ရှိရာ ကုတင်ဆီ လျှောက်လာသည်။

ရှောင်းကျန့်ရဲ့ပုခုံးတွေကို ဝမ်ရိပေါ်က သူ့လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ပြီး ရှောင်းကျန့် မျက်နှာတည့်တည့် ကို စူးစိုက်ကြည့်သည်။

Building2201 has my Love (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ