Ep..15

5.9K 508 3
                                    

Unicode

အန်တီရှောင်းနဲ့တွေ့ပြီးနောက်ပိုင်း ရှောင်းကျန့်တို့အတွက် ပေါ်ပေါ်ထင်ထင်မဟုတ်တောင် လွတ်လွတ်လပ်လပ် သွားလာရ အဆင်ပြေလာသည်..။ တကယ်တော့ အန်တီရှောင်းမသိခင်ကလည်း ဝမ်ရိပေါ်က ဘယ်သူ့ကိုမှ ဂရုမစိုက်ဟူသော အထာဖြင့် ရှောင်းကျန့် လက်ကိုဆွဲပြီး သူသွားချင်ရာသွားနေတာပင်.။ ထိုအချိန်တုန်းက ရှောင်းကျန့်က ဝမ်ရိပေါ် ကိုထုတ်မပြောပေမဲ့ စိတ်ထဲကနေတော့ အသိတစ်ယောက်ယောက်တွေ့ပြီး ရှောင်းကျန့်ဘက်က လူကြီးတွေဆီ သတင်းပြန်ရောက်သွားမှာ စိုးရိမ်ခဲ့ဖူးသည်.။ သို့သော်....တရားဝင်ခွင့်ပြုချက်ရထားတာမဟုတ်ပေမဲ့ အန်တီရှောင်းသိထားပြီးသားဆက်ဆံရေးတစ်ခုဖြစ်တဲ့အတွက် ယခုချိန် ရှောင်းကျန့်နဲ့ဝမ်ရိပေါ်ကို အသိတစ်ယောက်ယောက်က တွေ့လည်း ရှောင်းကျန့်အနေနဲ့ စိုးထိတ်စိတ် မရှိတော့ပေ..။ စိတ်ကအလိုလို ဒီလိုမျိုးခံစားလိုက်ရတာ အန်တီရှောင်းရဲ့ကျေးဇူးပဲ..။ နောင်ခါလာနောင်ခါစျေးပဲ...ခုတော့ ဝမ်ရိပေါ် မျက်နှာကြည့်ပြီးတော့ပဲ ပျော်ပျော်နေချင်တယ်..။

ချစ်တယ်...ရိပေါ်.....။

ရှောင်းကျန့် နောက်အသစ်လုပ်မဲ့ မုန့်ကို စမ်းသပ်နေရင်း မျက်နှာက အလိုလို ပြုံးနေ​တော့သည်..။

ရိပေါ်နဲ့နေလာတာ ၃ လတောင်ပြည့်တော့မည်.။ အရင်ရက်တွေက ရှောင်းကျန့် စာချုပ်အကြောင်း သတိတရဖြင့် ဝမ်ရိပေါ် ကိုမေးဖူးသေးတယ်.။ စာချုပ်က တရားဝင်ဟုတ်နေသေးလားလို့ ရှောင်းကျန့်က မေးလိုက်တယ်..။ ဝမ်ရိပေါ်က စာချုပ်က အမှိုက်ပုံးထဲရောက်နေတာ စာချုပ်ချုပ်တဲ့နေ့ကတည်းက ဟု ပြန်ဖြေသည်.။

ရှောင်းကျန့် ကြားပြီးပြီးချင်း မျက်နှာအမူအရာတောင်မထိန်းနိုင်..။ ရယ်ချင်ပက်ကျိဖြစ်သွားသည်.။ ဝမ်ရိပေါ်က ရှောင်းကျန့်ကို စာချုပ်စာတမ်းအရ ဆက်ဆံရေးတစ်ခုဆိုတာထက် ရှောင်းကျန့်ကို ပိုင်ဆိုင်နိုင်ဖို့ စာချုပ်ကိုအသုံးချလိုက်တယ် ဆိုတာက ရှောင်းကျန့် ကို ကြည်နူးစေတယ်...။

ပြန်စဥ်းစားကြည့်ရင် ရှောင်းကျန့်တို့ စတွေ့စဥ်အချိန်ကတည်းက ရှောင်းကျန့်ဘက်က အရင် ဝမ်ရိပေါ် ကို စိတ်ဝင်တစားချောင်းမြောင်းခဲ့ရတယ်..။ ရှောင်းကျန့်ကပဲ အရင်စချစ်ခဲ့ရတယ်လို့ ထင်ခဲ့ပေမဲ့ ဝမ်ရိပေါ်က လည်း ရှောင်းကျန့်နဲ့ထပ်တူ ခံစားချက်တွေ အတူတူဖြစ်လာကြတယ်.။ ရှောင်းကျန့်ကပဲ တစ်ဖက်သတ်ချစ်ပြီး အချိန်အကြာကြီး ခံစားခဲ့ရတယ်လို့ ကိုယ့်ကိုယ်ကို ယူဆခဲ့ပေမဲ့ ဝမ်ရိပေါ်က ရှောင်းကျန့် ကို ဘယ်တုန်းကမှ လက်မလျှော့ခဲ့ဘူး...။

Building2201 has my Love (Completed)Where stories live. Discover now