Extra..1🔞

8.5K 486 7
                                    

Unicode

"...ကိုကို.."

ဝမ်ရိပေါ် က ရင်ခွင်ထဲ ထည့်ဖက်ထားတဲ့ ရှောင်းကျန့်ကို နဖူးစောင်းလေးနမ်းရင်း ခေါ်လိုက်တယ်။နှစ်ယောက်သားက ဗီလာက အိပ်ခန်းထဲ ကုတင်ပေါ်မှာ အနားယူနေကြတယ်။ ရှောင်းကျန့်က ဝမ်ရိပေါ် ရဲ့ရင်ခွင်ထဲကနေ အခန်းထဲက နံရံကပ်တီဗီကနေလာနေတဲ့ ဟာသအစီအစဥ်ကို ကြည့်ရင်း ထူးလိုက်တယ်။

"..အင်း...."

"ကျွန်တော် အမေရိကကို သွားရမယ်.."

"..အင်း....ဟမ်!.."

အစီအစဥ်ကို စိတ်ရောက်နေတဲ့ ရှောင်းကျန့်က နည်းနည်း အာရုံလွင့်နေရာက ဝမ်ရိပေါ် ရဲ့ရင်ခွင်ထဲကနေ မော့ကြည့်လိုက်တယ်.။ ရင်ခွင်ထဲမှာ အဖက်ခံနေရတဲ့ ရှောင်းကျန့်က ကိုယ့်ဘာသာ ထထိုင်လိုက်တယ်။

"..ရုတ်တရက်ကြီး.."

ရှောင်းကျန့်က ပြောရင်း အသံတိုးသွားတယ်..။ ပြီးတော့ ဝမ်ရိပေါ် ကို နှုတ်ခမ်းဆူရင်း ကြည့်နေတယ်။

ဝမ်ရိပေါ်က ကုတင်ရဲ့ခေါင်းရင်းဘက်ကို ခေါင်းအုံးခုကျောမီရင်း ရှောင်းကျန့် ရဲ့ လက်သွယ်သွယ်လေးတွေကို ဆုပ်ကိုင်လိုက်တယ်။

"...ရုတ်တရက်လို့တော့ မဟုတ်ဘူး ကိုကိုရဲ့..အမေရိက က ကျွန်တော့်ကုမ္ပဏီမှာ ကျွန်တော်မရှိတာ နှစ်ဝက်ကျော်နေပြီမို့ သွားစစ်ဆေးရမှာ...ပြီးတော့ နေရာချဲ့ဖို့လည်း ရှိသေးတယ်...ကျွန်တော့်ကို ပြန်လာဖို့ ပြောထားတာကြာပြီ...ကိုကိုနဲ့မခွဲနိုင်သေးလို့.ကျွန်တော်က အချိန်ဆွဲထားတာ.."

ရှောင်းကျန့်က နှုတ်ခမ်းဆူနေတာကို ပြန်ရုတ်သိမ်းတဲ့အနေနဲ့ သူ့နှုတ်ခမ်းလှလှလေးကို အပေါ်အောက် နှုတ်ခမ်းချင်း ဖိနေတယ်..။ ချက်ချင်း နှုတ်ခမ်းလှလှလေးက ရဲသွေးနီသွားတယ်။

"..ကိုကို..နှုတ်ခမ်းကိုမဖိထားနဲ့..နာသွားမယ်"

ရှောင်းကျန့်က နှုတ်ခမ်းတွေကို မဖိတော့ပဲ ဝမ်ရိပေါ်ရဲ့ဆုပ်ကိုင်ထားခြင်းခံနေရတဲ့ သူ့လက်သွယ်သွယ်လေးနဲ့ ဝမ်ရိပေါ် ရဲ့လက်ချောင်းတုတ်တုတ်လေးတွေကို လက်ချင်းယှက်လိုက်တယ်.။

Building2201 has my Love (Completed)Donde viven las historias. Descúbrelo ahora