Extra..2

6.5K 451 39
                                    

Unicode

ဒီရက်ထဲမှာ ရှောင်းကျန့် အလွန်ပျင်းရိနေတယ်လို့ ခံစားနေရတယ်။ ဝမ်ရိပေါ် မရှိတာ ၅ ရက်ရှိနေပြီ။ အခုလည်း ဝမ်ရိပေါ် နဲ့ သူ နဲ့ အတူနေတဲ့ အိပ်ခန်းထဲမှာ ရှောင်းကျန့် က ဝမ်ရိပေါ် နဲ့အတူခြုံတဲ့ စောင်ကို ရင်ခွင်ပိုက်ရင်း ဝမ်ရိပေါ် ကို လွမ်းဆွတ်နေတယ်။

ဝမ်ရိပေါ်က ရှောင်းကျန့် ကို ဗီလာကနေ ဘယ်ကိုမှ အသွားမခံဘူး။ ရှောင်းကျန့်က ဆိုင်ကိုလည်း မသွားရဘူး။ ဝမ်ရိပေါ် ရှိနေတုန်းကလည်း တစ်ပတ်ကိုတစ်ရက်ပဲ ဆိုင်သွားရတယ်။ ဝမ်ရိပေါ် မရှိတော့ ရှောင်းကျန့်က လည်း မသွားချင်ဘူး။ မသွားရတဲ့ရက်တွေ များလာတော့ ရှောင်းကျန့်က ကျန်းချီနဲ့ မင်ကျဲကို အားနာလာပါပြီ။ အားနာနာနဲ့ပဲ ရှောင်းကျန့်က ဆိုင်ကိုလည်း မသွားပဲ အိပ်ရာထဲမှာ ဝမ်ရိပေါ် ကို လွမ်းနေတယ်။

ဝမ်ရိပေါ်က အမေရိက ရောက်တဲ့နေ့ကတည်းက ဗီဒီယိုကော နေ့တိုင်းခေါ်တယ်။ သူအားတဲ့အချိန်တိုင်း ရှောင်းကျန့် ကို ဖုန်းဆက်တယ်။ ဒါပေမဲ့ ၅ ရက်လောက်ကြာလာတဲ့အချိန်မှာ ရှောင်းကျန့်က ဝမ်ရိပေါ် ရဲ့အရိပ်ကို ဗီလာက နေရာတိုင်းမှာ မြင်ယောင်ပါများလာပြီး ဝမ်ရိပေါ် ကို ဖက်ထားချင်စိတ်တွေက ထိန်းမရစွာ ပေါ်လာပြီ။

ဗီလာမှာ ရှောင်းကျန့် တစ်ယောက်တည်း။ ထမင်းချက်အန်တီက မနေ့က သူ့အမျိုးတွေဆီအလည်သွားမှာမို့ ရှောင်းကျန့် ဆီ ခွင့်တောင်းသွားတယ်။ ဝမ်ရိပေါ် ကို အထွေအထူးပြောမနေတော့ဘူး။ ကိုယ့်ဘာသာ ချက်စားလည်း ရနေတာမို့။

ရှောင်းကျန့် တစ်ယောက် ဝမ်ရိပေါ် ကို လွမ်းဆွေးနေတုန်း စားပွဲပေါ်က ဖုန်းက အသံမြည်လာတယ်။ စိတ်ဓာတ်ကျ လွမ်းရိနေတဲ့ ရှောင်းကျန့်က မြူးထူးစွာ ကိုင်လိုက်တယ်။

ဖုန်း မျက်နှာပြင်က နာမည်က မျှော်နေသူ အချစ်မဟုတ်တဲ့အခါ ရှောင်းကျန့် မျက်နှာက အမူအရာပြောင်းသွားတယ်။

"..အင်း.....ကျန်းချီ"

"ရှောင်းကော..ကျွန်တော် ပြောစရာရှိလို့"

ရှောင်းကျန့် စိတ်ဝင်စားမှုအားနည်းစွာ ပြန်ပြောနေတယ်။

Building2201 has my Love (Completed)Where stories live. Discover now