Ep..14

7K 526 7
                                    

Unicode

"...အန်...အန်တီ."

ရှောင်းကျန့်ရဲ့ခန္ဓာကိုယ်ဟာ အလိုလို ဝမ်ရိပေါ်ကို ကွယ်ထားပြီးသားဖြစ်နေတယ်..။

ပေကျင်းရဲ့မြို့လယ်ခေါင် လူရှုပ်တဲ့နေရာမှာ ရှောင်းကျန့်ဟာ အန်တီရှောင်းနဲ့တည့်တည့်တိုးလေရဲ့..။

အန်တီရှောင်းဘေးမှာ ဦးလေးရန်အပြင် ရှောင်းကျန့်ရဲ့ဝမ်းကွဲလေးတွေလည်း ပါသည်.။

ရှောင်းကျန့်က ဆယ်ကျော်သက်လူပျိုဖြန်းလေးလည်း မဟုတ်ပေမဲ့ မိဘအလစ်မှာ ရည်းစားနဲ့လျှောက်လည်ရင်း တည့်တည့်တိုးလေသော ကောင်ငယ်လေးလို ရင်ခုန်သံတွေ တစ်ဒိန်းဒိန်းဖြင့် ခြေမကိုင်မိ ၊ လက်မကိုင်မိ ဖြစ်နေသည်.။ ရှောင်းကျန့်ကြိုတင်စဥ်းစားထားတဲ့ ရှေ့လျှောက် တွေ့ကြုံနိုင်လာတဲ့ အဖြစ်အပျက် ၊ လူကြီးများရဲ့အတားအဆီး တွေထဲ ဒီနေ့အဖြစ်ကိုတော့ ထည့်မတွေးမိခဲ့ဘူး..။ ဒါ့ကြောင့် ခုလို ထိပ်တိုက်တွေ့လာတဲ့အချိန် ကြိုမစဥ်းစားထားတဲ့ကိစ္စကို ရှောင်းကျန့်က အဆင်ပြေအောင် မကိုင်တွယ်နိုင်မှာ ကိုယ့်ကိုယ်ကို စိုးရိမ်တယ်..။

အဓိက က အန်တီရှောင်းကို လုံးဝကြီးမေ့နေမိတဲ့ ရှောင်းကျန့် ရဲ့ အပြစ်ပဲ.။ ဝမ်ရိပေါ်နဲ့ မိုးမမြင်လေမမြင် ပျော်မြူးနေတာကို ကောင်းကင်နတ်မင်းကြီးက မနာလိုတိုရှည်ပြီးများ ဒီလိုနေသာသာ ကြည်လင်နေတဲ့ ပျော်စရာနေ့မှာ ရှောင်းကျန့် တို့ရှိရာဆီ အန်တီရှောင်းကို လွှတ်လိုက်တာများလား...။ ဒီလောက်ကြီး တိုက်ဆိုင်နေတာ ရိုးရောရိုးရဲ့လား...။

အန်တီရှောင်းက ရှောင်းကျန့်ကို အမူအရာတည်တည်ဖြင့် ကြည့်နေသည်.။

တရားခံကို အသေးစိတ်ကအစ သတိထားစောင့်ကြည့်နေသော စုံထောက်တစ်ယောက်ရဲ့စူးရှသော မျက်လုံးများအကြည့်များဖြင့် အန်တီရှောင်းက ကြည့်နေသည်.။

"...အန်တီရှောင်း.."

"..လိုက်ခဲ့.."

အန်တီရှောင်းက မျက်နှာသေဖြင့် ပြောပြီး ထွက်သွားသည်။

ဦးလေးရန်ကလည်း မတတ်နိုင်သော ဟူသော မျက်လုံးများဖြင့် ကြည့်ပြီး ရှောင်းကျန့်ရဲ့ပုခုံးကို ခပ်ဖွဖွပုတ်သည်.။

Building2201 has my Love (Completed)Where stories live. Discover now