Ep..11

7.4K 665 14
                                    

Unicode
11

ရိပေါ်  ကားစတီယာရင်ကို ညာဘက်လက်ဖြင့် ဆုပ်ကိုင်ထားပြီး ဘယ်ဘက်လက်က မေးစေ့ကိုပွတ်သပ်နေသည်။

ဝမ်ရိပေါ်ရဲ့ အညိုရောင်မျက်လုံးများက မှောင်မိုက်ကာ အတွေးများနေပုံပေါ်သည်။ စတီယာရင်ကို ကိုင်ထားသော လက်ဖမိုးပေါ် အစိမ်းရောင်အကြောများပင် ထောင်ထနေသည်။ ဝမ်ရိပေါ်ရဲ့ ဒေါသကိုဖော်ပြသောပုံစံတစ်မျိုးပင် ဖြစ်သည်။

ရှောင်းကျန့်ရဲ့အသံကို ဖုန်းထဲကကြားလိုက်စဥ်ကတည်းက တစ်ခုခုတော့လွဲချော်နေပြီဟု ရိပေါ်ထင်သည်။ ရိပေါ် ရဲ့အထင်ကို မက်ဆေ့ဂျ် တစ်ခုက သက်သေခံသည်။ ရှောင်းကျန့်ရဲ့ ပြန်လာခဲ့အုံးဟု ပြောလိုက်ကတည်းက ရိပေါ် ချက်ချင်း ထွက်လာခဲ့တာဖြစ်သည် ။ ကားပေါ်ရောက်မှ ရိပေါ်ဖုန်းထဲ private နံပါတ်တစ်ခုကနေ မက်ဆေ့ဂျ် ဝင်လာသည် ။

ရှောင်းကျန့်ရဲ့ ပုံ............။

ဝမ်ပါး ရှာတွေ့သွားပြီပဲ....။ တွေ့လိမ့်မယ်ဆိုတာ ရိပေါ်ခန့်မှန်းထားပေမဲ့ ဒီလောက်စောလိမ့်မယ်လို့တော့ မထင်ထားဘူး ။

ကိုကိုနဲ့နေရတာ ၃လတောင်မပြည့်သေးဘူးလေ ၊ ဒီလောက်အစောကြီး ရှာတွေ့သွားတယ်ပေါ့ ၊ ရိပေါ်ရဲ့ထိန်းသိမ်းနိုင်စွမ်း လျော့သွားလို့လား....။

ဝမ်ပါးရှာတွေ့သွားတာက ရိပေါ်အတွက် အရေးမကြီးဘူး ၊ ကိုကိုငတုံးလေးက သူ့ဘာသာသူ တွေးချင်ရာတွေးပြီး ရိပေါ်ကို မထားခဲ့ဖို့က ပိုအရေးကြီးတယ် ။

ရှောင်းကျန့်.... မင်း ထားခဲ့လို့မရဘူး ။

မဖြစ်ဘူး...ရှောင်းကျန့်က ခပ်ကြမ်းကြမ်းကိုင်တွယ်လို့ရတဲ့ လူမျိုးမဟုတ်ဘူး..။ ရှောင်းကျန့်က ခေါင်းမာတတ်တယ် ။ သူဆုံးဖြတ်ထားပြီးရင် ပြောင်းလဲဖို့မလွယ်ကူတတ်တဲ့လူမျိုး..။

ရှောင်းကျန့်ကို တစ်ယောက်တည်း လွှတ်ထားလို့မရဘူး..၊ ရှောင်းကျန့်ကို အတွေးများခွင့်ပေးလို့မရဘူး..။

ရိပေါ်လိုချင်တဲ့ပုံစံမျိုး ဖြည်းဖြည်းချင်း ချော့ပြောမှရမယ်  ၊ ဟုတ်တယ်..ကလေး လို့ပြောရင် လက်မခံတဲ့ ကိုကိုက အချော့ကြိုက်ကလေး...။

Building2201 has my Love (Completed)Where stories live. Discover now