Ep..7❌❌⭕⭕🔞

12K 778 38
                                    

7

လှည့်လာသော ရှောင်းကျန့် ရဲ့မျက်နှာကို အေးစက်နေသောလက်ဖဝါးကြီးများက ဖမ်းချုပ်ကိုင်ပြီး နှုတ်ခမ်းပါးလေးများကို ဆွဲယူနမ်းရှိုက်နေတော့သည်။

"အွန်း.....ဟမ်းးး"

ရှောင်းကျန့်ရဲ့ခန္ဓာကိုယ်ဟာ ဝမ်ရိပေါ်နဲ့မျက်နှာချင်းဆိုင်ဖြစ်သွားပြီး ဝမ်ရိပေါ်ရဲ့လက်တစ်ဖက်က ရှောင်းကျန့်ခေါင်းနောက်ကို ဖိထားပြီး ကျန်လက်တစ်ဖက်ကတော့ ရှောင်းကျန့် ရဲ့မျက်နှာမေးကို ကိုင်ထားသည်။

ဝမ်ရိပေါ်ရဲ့လက်တွေက....အေးစက်လိုက်တာ။

ရှောင်းကျန့်ဟာ အနမ်းခံနေရရင်း ဝမ်ရိပေါ်ဆီက အေးစက်မှုများနှင့်အတူ ဒေါသများကိုပါ ခံစားမိနေသည်။

မင်းဒေါသကလည်း တစ်ဇွတ်ထိုးဆန်လိုက်တာ...ဝမ်ရိပေါ်။ ရှင်းပြချက်တောင် နားမထောင်ဘူး..။ ချစ်ရင်လည်း ချစ်တယ်ပြောလိုက်။ ဘာလို့များ ရေငုံနှုတ်ပိတ် နေနေရသေးလဲ..။

ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ကို စိတ်ရှိလက်ရှိ နမ်းနေပေမဲ့လည်း သူ့မျက်လုံးထဲ ရှောင်းကျန့်က လုကျန်းချီ ကို ဖက်ထားတဲ့ပုံက မျက်စိထဲကနေ လုံးဝဖျောက်မရ။

ရှောင်းကျန့်......ခင်ဗျား ကျုပ်မဟုတ်တဲ့တစ်ခြားတစ်ယောက်ဆီ ထွက်သွားခွင့်မပေးနိုင်ဘူး။

ခင်ဗျားက ကျူပ်အပိုင်......။

ရှောင်းကျန့်ကို....ဝမ်ရိပေါ်ပိုင်တယ်။

"အွန်း......ရိ.......အွန်း.....ပေါ်.....လွှတ်"

ဝမ်ရိပေါ် ဟာ မြင့်တက်လာတဲ့စိတ်ခံစားချက်နှင့်အတူ ရှောင်းကျန့်ရဲ့အပေါ်နှုတ်ခမ်းပါးများနှင့် အောက်နှုတ်ခမ်းပါးများကို တစ်လှည့်စီ ဆွဲစုပ်နမ်းနေတော့သည်။

ရှောင်းကျန့်က အသက်ရှူမဝ အောက်ဆီဂျင် ပြတ်လပ်လာပြီဟု ခံစားလာရသောကြောင့် ဝမ်ရိပေါ် ရဲ့အေးစက်နေသော ရင်ဘတ်များကို သူ့လက်သေးသေးလေးများဖြင့် သတိပေးပုတ်နေပါသော်လည်း ဝမ်ရိပေါ်က လွှတ်ပေးဖို့ရာမမြင်။

ငါတော့ အနမ်းခံနေရင်း အသက်ရှူရပ်တန့်ပြီးသေသွားသော လူတစ်ယောက်အဖြစ် မှတ်တမ်းဝင်နေတော့မယ်.ဝမ်ရိပေါ်။

Building2201 has my Love (Completed)Where stories live. Discover now