Ep..17

5.9K 506 41
                                    

Unicode
17

ရှောင်းကျန့်က ရိပေါ်လက်ကို ကိုင်ပြီး ရဲဝံ့စွာ ဆိုဖာပေါ် ထိုင်နေတယ်..။ မျက်နှာချင်းဆိုင်က ရှောင်းလင်မယားက သူတို့သားရဲ့ အင်မတန်ကို ပြောင်နေသော မျက်နှာကို အံ့အားတကြီး ကြည့်နေကြတယ်... ။

ရှောင်းကျန့် ရဲ့မျက်နှာက တိုင်းပြည်အတွက် အလွန်တရာဂုဏ်ယူစရာလုပ်ရပ်ကို ဖော်ဆောင်ပေးသော စစ်သူကြီးတစ်ဦးရဲ့မျက်နှာမျိုး ဖြစ်နေသည်. .။

အံ့သြလေစွ...ရှောင်းကျန့်ရယ်...မျက်နှာအချိုးလေး ပြောင်းထားပါအုံးလား...။ ဘေးက အန်တီရှောင်းက သူ့တူကို ကြည့်ပြီး စိတ်ထဲတွေးကာ အစ်ကိုလင်မယားအစား သူ ရိုက်ချင်နေတော့တယ်. ။

ဝမ်ရိပေါ် ကတော့ သူ့ရဲ့အသည်းအသက်မျက်နှာကို ကြည့်ပြီး ပျော်မြူးနေတယ်..။ သူတို့က သူတစ်ပါးကိုထိခိုက်နစ်နာစေတဲ့ကိစ္စ လုပ်ထားကြတဲ့သူတွေ မဟုတ်တဲ့အတွက် သူတို့ရဲ့အချစ်အတွက် ကြောက်ရွံ့ရှက်ရွံ့နေစရာ မလိုဘူးလို့ သူယူဆတယ်..။

ဒါပေမဲ့...ကိုကို့မျက်နှာလေးတော့ နည်းနည်းပျော့လိုက်နော်....အရမ်းတင်းနေတာကလည်း သိပ်အဆင်မပြေဘူး...။

"..ရှောင်းကျန့်! !!!!!!...အဲ့လက်ကို လွှတ်လိုက်စမ်း!!!.."

ရှောင်းပါပါးက မျက်မှန်ကိုဝင့်ပြီး ခပ်မာမာ ပြောလိုက်တယ်..။

ရှောင်းကျန့်က ယောင်နနဖြင့် ရိပေါ်လက်ကို ကိုင်ထားတာကို လွှတ်တော့မယ်အလုပ် ဝမ်ရိပေါ်က ခပ်တင်းတင်း ပြန်ဆုပ်ထားတယ်..။

"..ငါ့ကိုလည်း သေသေချာချာ ရှင်းပြကြပါအုံး...သား ကျန့်ကျန့်... ဘယ်လိုဖြစ်ရတာလဲကွယ်...အိမ်ကိုပြန်လာတုန်းက ကျန့်ကျန့် ဒီလို မဆိုးသေးပါဘူး..."

ရှောင်းကျန့်က သူ့အမေကို အားနာတဲ့အကြည့်နဲ့ ကြည့်လိုက်တယ်..။

မား..တောင်းပန်ပါတယ် မားသားက အနာဂတ်မှာ ချွေးမအစား သားမက်ကိုပဲ ခေါ်လာချင်ခဲ့တဲ့အတွက်..။

"..သား သူ့ကို ချစ်တယ်..."

ရှောင်းပါပါးက ရှောင်းကျန့် ကို ကြည့်ပြီး ဒေါသက ထွက်လာတယ်..။

Building2201 has my Love (Completed)Where stories live. Discover now