Ep.4

8.4K 821 4
                                    

4

"ရှောင်းကော ဒီအခေါက်အိမ်ပြန်တာ မျက်နှာလည်းမကောင်းဘူး.. ဘာဖြစ်လို့လဲဟင် ကျွန်တော့်ကို ပြောလို့ရတယ်နော်"

တစ်လစာ လချုပ်စာရင်းတွေလုပ်နေတဲ့ ရှောင်းကျန့်ဘေးနား ထိုင်နေတဲ့ ကျန်းချီ က အစမရှိ အဆုံးမရှိ စကားစလာသည်။

"ကျန်းချီ..."

"ဟုတ် ..ရှောင်းကော"

"ငါ အိမ်ထောင်ပြုတော့မယ်"

"ဗျာ!!"

ဘေးနားမှာ လျော့တိလျော့ရဲထိုင်နေတဲ့ ကျန်းချီ ခါးမတ်သွားသည်။

ရှောင်းကျန့် တမင်ကို ကျန်းချီ ဘယ်လိုပုံဖြစ်သွားမလဲလို့ သိချင်လို့ ပြောလိုက်တာဖြစ်သည်။

"ရှောင်းကော...တ..တကယ်လား"

"အင်း...မားက သူ့မိတ်ဆွေသမီးလေးနဲ့ နေရာချပေးမယ်တဲ့ အိမ်ပြန်တုန်းက ပြောလိုက်တာ ငါ့ကို"

"အဲ့...အဲ့ဒါ ရှောင်းကော လက်ခံလိုက်လား"

"မားက ငါ့ကို မိန်းမကောင်းလေးတွေ့တုန်း နေရာချထားပေးတာပဲ ငါက ငြင်းလိုက်လို့မဖြစ်ဘူးလေ"

ရှောင်းကျန့် ပြောသမျှ နားထောင်နေတဲ့ ကျန်းချီမျက်နှာဟာ တဖြည်းဖြည်း စိမ်းဖန့်ဖန့်ဖြစ်လာတယ်လို့ ရှောင်းကျန့် ထင်တယ်။ ရှောင်းကျန့် ရယ်ချင်စိတ်ကို မြိုသိပ်ပြီး....

"ငါ့မင်္ဂလာဆောင်ကို မင်းနဲ့မင်ကျဲ မလာလို့မရဘူးနော်"

"ရှောင်း....ရှောင်းကောရာ.. နေပါအုံး..စောပါသေးတယ်. ရှောင်းကောအသက်က လည်း ငယ်သေးတယ် ခုမှ ဘွဲ့ရကာစကို.....ဘာလို့ အစောကြီးအိမ်ထောင်ပြုနေရတာလဲ...ရှောင်းကော အိမ်ထောင်ပြုမယ်ဆိုလည်း ကျွန်တော့်ကို စောစောကြိုပြောလေ...ခုက ရုတ်တရက်ကြီး.. "

"ရုတ်တရက်ဖြစ်သွားတာတော့ ငါ့မားကြောင့်ပါ...ငါအိမ်ထောင်ပြုတာလေ မင်းမှမဟုတ်တာ...မစောတော့ပါဘူးကွာ"

ရှောင်းကျန့်က ထပ်ပြောလေ...ကျန်းချီ မျက်နှာက ပိုမှောင်လာလေပင်..။

"အဲ့ဒါဆိုလည်း အိမ်ထောင်ပြု တာက မိန်းကလေးမှဖြစ်ရမှာလား...ယောကျ်ားလေးရော ဖြစ်လို့မရဘူးလား"

Building2201 has my Love (Completed)Where stories live. Discover now