Ep .2

10.4K 894 26
                                    

2

"ရိ...ပေါ်... ရိပေါ် ခနလေး...မပြန်ဘူး. အိမ်မပြန်ဘူး"

ရှောင်းကျန့်ရဲ့အမောတကော ပြောသံများကြောင့် ရိပေါ်ရဲ့လှုပ်ရှားမှုတွေ ခနရပ်တန့်သွားသည်။ ထိုအခိုက်အတန့်ကို ရှောင်းကျန့် အလုအယက် ပြောလိုက်ရသည်။

"ရိပေါ်. ငါ အိမ်မပြန်ဘူး..ခနလေး ငါတို့စကားပြောကြရအောင်နော်.. ရိပေါ်လေးက လိမ္မာပါတယ်"

"ပြော"

ဪ...အေးပါကွာ ။ မသိရင် ရှောင်းကျန့်ကပဲ အပြစ်လုပ်ထားသလိုပဲ။

"ခု ဘယ်အချိန်ရှိနေပြီလဲ"

"၁၀ နာရီ"

"သြော်...ဟမ်..အဲ့လောက်တောင်ရှိသွားပြီလား ငါ့ကို ငါ့အန်တီ လာမရှာဘူးလား"

"လာတယ်"

"အဲ့တော့...."

ဆက်ပြောလေကွာ...။ ဝမ်ရိပေါ်တစ်ယောက် စကားပိုပြောမိရင် အခွန်ဆောင်ရမယ်ထင်နေလို့များ အပိုမပြောချင်တာလား။

"ဒီမှာ ညအိပ်မယ်လို့ ပြောလိုက်တယ်"

"အဲ့လိုပြောလိုက်ရုံနဲ့ ငါ့အန်တီက လှည့်ပြန်သွားမှာမဟုတ်ဘူး ရိပေါ် သေသေချာချာ ပြောစမ်းပါ"

"မားပြောပေးတာ ကျွန်တော်ပြောတာမဟုတ်ဘူး"

ဝမ်ရိပေါ်မျက်နှာက ခုတော့လည်း ဆူပုတ်လေးဖြစ်သွားပြန်ရော။ စောနက ငါ့အပေါ် ဘီလူးတက်စီးနေတုန်းက ဒီရုပ်မျိုးမဟုတ်ဘူး။

"မားဆိုကာမှ ရိပေါ် ဝမ်မားကရော"

"မားက အိပ်နေပြီ"

"နေပါအုံး ငါက ဘယ်လိုဖြစ်ပြီး အိပ်ပျော်သွားတာလဲ ငါအိပ်ပျော်သွားတာ သွေးရိုးသားရိုးမှ ဟုတ်ရဲ့လား ဝမ်ရိပေါ် မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ"

ဝမ်ရိပေါ်မျက်နှာက ချက်ချင်း ပြောင်းလဲသွားသည်။ ၃ နှစ်သား ကလေးပေါက်စမျက်နှာကနေ အသားစားဘီလူးကဲ့သို့ နှုတ်ခမ်းတစ်ဖက်ကော့တက်ပြီး ရှောင်းကျန့်မျက်နှာနား ကပ်လာသည်။

"ဝမ်ရိပေါ် မင်းအသက်ဘယ်လောက်ရှိသေးလို့ ခုလိုအတတ်ကောင်းတွေ တတ်နေတာလဲ..ဟမ်း...."

Building2201 has my Love (Completed)Wo Geschichten leben. Entdecke jetzt