Ep..16

6K 533 57
                                    

Unicode
16

ရှောင်းကျန့် အခန်းထဲမှာ ဂဏာမငြိမ်ဖြစ်နေတယ်...။ ဒီအခြေအနေက ရှောင်းကျန့် ကိုယ်တိုင်လုပ်ယူထားတာပဲ..။ ဒါပေမဲ့ ရင်ခုန်လာတာလည်း ရှောင်းကျန့် ကိုယ်တိုင်ပဲ..။

စာကြည့်စားပွဲပေါ်က ဖုန်းက အသံမြည်လာသည်.။

".ရှောင်းကျန့်..!!"

ရိုင်းနေပြန်ပြီ.....ဝမ်ရိပေါ် ။

". တိုက်အောက်မှာ ရောက်နေပြီ.."

ဝမ်ရိပေါ် ဖုန်းချသွားချိန်နဲ့ ဖုန်းပြန်ဆက်လာချိန်က နာရီဝက်ပဲ ရှိသေးတယ်..။ တိုက်အောက်ရောက်နေပြီဆိုတော့ ပေကျင်းရဲ့ကားလမ်းတွေက ဒီလောက်ချောင်ချောင်ချိချိ ဖြစ်နေပြီလား..။ ရုံးဖွင့်ရက် ညနေဘက်က ကားလမ်းတွေဘယ်လောက်ပိတ်ကျပ်နေတတ်တယ်ဆိုတာ လူတိုင်းသိပြီးသား...။

ဝမ်ရိပေါ်..... မနက်ဖြန် ဒဏ်ငွေဆောင်ရတော့မဲ့ပုံ..။ စည်းကမ်းမရှိချက်....။ သို့သော် ဒီတစ်ချိန် ဝမ်ရိပေါ် စည်းကမ်းပျက်တာကို ရှောင်းကျန့် ကျေနပ်တယ်...။

"..ကြားလား အောက်ကို ဆင်းလာခဲ့...ချက်ချင်းနော်.."

ဟမ့်....အာဏာတွေလာပြနေတယ်ပေါ့..ဝမ်ရိပေါ်.. ။

"မလာနိုင်ဘူး.."

ဝမ်ရိပေါ် ဘက်က စိတ်တိုနေတဲ့ နှာခေါင်းသံတွေ ကြားနေရတယ်...။ ရှောင်းကျန့် ကတော့ ကြိတ်ရယ်လိုက်တယ်..။

"ကျစ်!...ရှောင်းကျန့်... စိတ်မတိုချင်ဘူး..ရုတ်ရုတ်သဲသဲဖြစ်သွားချင်လား.."

အာ...ဝမ်ရိပေါ် သောင်းကျန်းလို့တော့ မဖြစ်သေးဘူး...အိမ်ထဲမှာ ပါးနဲ့မားရှိနေတယ်..။

"မင်း!!..."

"လာခဲ့...ခု ဆင်းလာခဲ့..."

ရှောင်းကျန့် ပြန်မပြောနေတော့ပဲ ဖုန်းကိုသာ မျက်စောင်းထိုးပြီး အခန်းထဲက ထွက်လိုက်တယ်..။ ဧည့်ခန်းထဲမှာ ဘယ်သူတွေရှိနေလဲ အရင်ချောင်းကြည့်ရသေးတယ်.။ အပြင်မှာ နည်းနည်းတော့ မှောင်နေပြီ..။

သေပြီ...ပါးနဲ့မားက ဧည့်ခန်းထဲ တီဗီကြည့်နေတယ်..။ အန်တီရှောင်းလည်း မရှိဘူး..။ မီးဖိုထဲ သိမ်းဆည်းနေတယ်ထင်တယ်..။

Building2201 has my Love (Completed)Where stories live. Discover now