Ep..13🔞

8.9K 577 6
                                    

Unicode

ရှောင်းကျန့်က မျက်လုံးလေးများပိတ်သည်အထိ ပြုံးပြလိုက်တယ်..။ နှုတ်ခမ်းအောက်က မှဲ့နက်ကလေးကလည်း ပိုပိုထင်းလာတယ်..။

ရှောင်းကျန့်ရဲ့လက်ချောင်းသွယ်သွယ်လေးဖြင့် ဝမ်ရိပေါ် ရဲ့ မြင့်မားသောနှာတံလုံးလုံးလေးကို ဆွဲညှစ်လိုက်တယ်...။

"..မငိုချင်ပါဘူး...မငိုချင်ပါဘူး...ကျွန်တော်မျိုးကိုသနားညှာတာမှုလေး ပေးသနားသော အားဖြင့် အလွတ်ပေးတော်မူပါ..ဘုရင်ကြီးဘုရား.."

ဝမ်ရိပေါ်ရဲ့ သွားဖြူဖြူ သေးသေးလေးတွေ စီတန်းပြီး ပေါ်လာတယ်...။

ဝမ်ရိပေါ်ရဲ့မျက်လုံးပိတ်ပိတ်လေးမှာ ရှောင်းကျန့်ရဲ့ အပြုံးမျက်နှာလေးသာ ရှိနေတယ်..။ ဝမ်ရိပေါ်က ရှောင်းကျန့်ကို ကြည့်ရင်း နှလုံးအိမ်ကိုကြောင်လက်သည်းလေးက လာကုတ်နေသလို ခံစားနေရတယ်.။ အစက ပူပြင်းလာတဲ့ အပူချိန်ကလည်း တစ်ဖြည်းဖြည်း လျော့နည်းစပြုလာတယ်..။

ရှောင်းကျန့်က ဝမ်ရိပေါ်ကို ပူလွယ် ၊ အေးလွယ်စေတယ်..။

ဝမ်ရိပေါ်ရဲ့ သဘာဝအပူချိန်က ရှောင်းကျန့်အပေါ်မူတည်ပြီး ပြောင်းလဲတတ်တယ်..။ ဝမ်ရိပေါ်ရဲ့ခံစားချက်ကလည်း ရှောင်းကျန့်ကြောင့်ပဲ ပြောင်းလဲတတ်တယ်..။

ဝမ်ရိပေါ်ရဲ့အချစ်က ရှောင်းကျန့် ၊ ဝမ်ရိပေါ်ရဲ့ဒေါသက ရှောင်းကျန့် ၊ ဝမ်ရိပေါ်ရဲ့ ပျော်ရွှင်မှုက ရှောင်းကျန့် ၊ ဝမ်ရိပေါ်ရဲ့ဝမ်းနည်းမှုက ရှောင်းကျန့် ၊ ဝမ်ရိပေါ် ရဲ့ အားသာချက်က ရှောင်းကျန့် ၊ ဝမ်ရိပေါ် ရဲ့အားနည်းချက်ကလည်း ရှောင်းကျန့်.. ။

ဝမ်ရိပေါ်ရဲ့ကမ္ဘာမှာ ဝမ်ရိပေါ်ချမှတ်ထားတဲ့ စည်းမျဥ်းတွေက လည်း ရှောင်းကျန့်ပဲ..။

ရေဟာ မြင့်ရာကနိမ့်ရာကို စီးဆင်းတယ် ၊ မီးကသံထည်ကို ပျော့ပျောင်းစေတယ် ၊ သမုဒ္ဒရာက အဆုံးမရှိကျယ်ပြန့်တယ် ၊ နေက လူသားတွေရှင်သန်ဖို့ အလင်းရောင်ပေးစွမ်းတယ် ၊ အားလုံးက သဘာဝတရား၊ အမှန်တရားလို့ ယုံကြည်နေကြတယ်..။

ရှောင်းကျန့်ဟာ ဝမ်ရိပေါ်ရဲ့အပိုင် ဆိုတာကလည်း ပြောင်းလဲလို့မရတဲ့ အမှန်တရားပဲ။ ဝမ်ရိပေါ်ရဲ့ကမ္ဘာမှာ ဝမ်ရိပေါ်ရဲ့ ဥပဒေနည်းတွေက ရှောင်းကျန့်ပဲ...။

Building2201 has my Love (Completed)Dove le storie prendono vita. Scoprilo ora