Ep..18.end

8K 543 21
                                    

18


"..မရဘူး....ဝမ်မျိုးရိုးပဲ ဖြစ်မှာပေါ့.."

"..အိုး....မရရင်လည်း သူတို့ကို သဘောမတူရုံပဲပေါ့.."

"ပါး......"

ရှောင်းကျန့်က အဖေဖြစ်သူကို ခေါ်လိုက်သလို ရိပေါ်ကလည်း ဝမ်ပါပါးကို လှမ်းကြည့်နေတယ်..။

စောစောက ပြေလည်နေကြပြီလို့ ထင်နေတာလေ....ဘာလို့ ထပ်ပြီး စကားနိုင်လုကြပြန်ပြီလဲ...။

ဝမ်မား....ကယ်ပါအုံး.....။

ဝမ်ဖူ့နန်က သူမရဲ့သား မျက်နှာအရိပ်အကဲကို ဖတ်တတ်တယ်..။ သို့သော်...ဝမ်ကျားရန်က အလျော့မပေး..။

"..သဘောမတူလည်း မရတော့ဘူး သူတို့က အတူတူ တောင် နေနေကြပြီ..ဟမ့်.."

"ဘာ!!!!!!......"

ရှောင်းပါပါး က ရှောင်းကျန့်ကို တစ်လှည့် ညီမဖြစ်သူ လျန်လျန်းကို တစ်လှည့် ကြည့်နေတယ်..။

ရှောင်းလျန်လျန်း! !!!!!!!......နင့်တူကို နင်မကြည့်ထားဘူးလား...။ နောက်တစ်ကြိမ် သွေးတက်လာပြန်ပြီ..။

အန်တီရှောင်းက သူ့အစ်ကိုရဲ့ ရင်တွင်းစကားကို ကြားနေရသလို ကြက်သီးတစ်ဖျန်းဖျန်း ထသွားတယ်..။

"..အစ်ကို...အစ်ကို....သွေးကျဆေးက ရှေ့မှာ..သြော်..ရေကုန်နေတာပဲ..ညီမသွားထည့်ပေးမယ်နော်.."

အန်တီရှောင်းက စက်ကွင်းအောက်က လစ်ထွက်သွားတယ်...။

ဒီဟာတွေ....ငါ့မျက်ကွယ်မှာ ထင်ရာစိုင်းနေတာ တော်တော်များနေပြီ..။ ကောင်းလိုက်တဲ့သား...ဖအေမသိအောင် သူ့ယောကျ်ားနဲ့ အတူတူသွားနေတယ်ပေါ့...။

ရှောင်းမားက သူ့ယောကျ်ားရဲ့လက်မောင်းကို ကိုင်ကာ နှစ်သိမ့်ပေးလိုက်တယ်..။

စိတ်လျှော့...စိတ်လျှော့....ကိုယ့်သားက ကိုယ်တိုင် သူ့ချစ်သူဖက် ပါနေတာကို ။

"..ရှောင်းကျန့်! !..ဟုတ်လား......"

ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ရှေ့ကနေ ကွယ်လိုက်ကာ ပြောလိုက်တယ်..။

"..ကျွန်တော်တို့ အတူတူနေနေတာ သုံးလ ရှိပြီ..ကျွန်တော်တို့က ညားပြီးသားဖြစ်နေပြီ.."

Building2201 has my Love (Completed)Where stories live. Discover now