Ep.5

8.8K 808 42
                                    

5

ရှောင်းကျန့် ပွင့်နေတဲ့တံခါးကနေ လှမ်းဝင်ခဲ့လိုက်သည်။ လူချမ်းသာနေတဲ့နေရာမို့လားမသိ...ဧည့်ခန်းကိုပြင်ထားတာတောင် အရောင်တဖိတ်ဖိတ်လက်နေသည်။ လူငါးယောက်လောက်ထိုင်လို့ရတဲ့ ဆိုဖာအရှည်တွေနေရာယူထားပြီး လူတစ်ရပ်လောက်ရှိသော တီဗီကြီးကလည်း အထင်းသား...။ အိမ်ရှိဆင်ထားသော ပစ္စည်းတွေကို ကြည့်ရုံဖြင့် ဒီအိမ်ပိုင်ရှင် တော်တော်ချမ်းသာမဲ့ပုံပင်။

ခုထိ လူမပြောနဲ့...ခွေးတစ်ကောင်ကြောင်တစ်မြီးတောင်မမြင်ရ...။

"အဟမ်း.....လူရှိလား"

ရှောင်းကျန့် လည်း အသံပေးပြီးရော အပေါ်ထပ်လှေကားကနေ ဆင်းလာသောခြေသံကိုကြားလိုက်ရသည်။

ဘယ်လောက်ကြီးကျယ်သောလူနဲ့ တွေ့ရမှာများလဲ...။ တစ်ခါတွေ့ရဖို့အရေး မလွယ်ကူပါလား..။ ဒီလိုကိန်းကြီးခမ်းကြီး နိုင်သော လူမျိုးတွေနဲ့ ရှောင်းကျန့်မပြောဆို မဆက်ဆံချင်။

"ဘာကိစ္စလဲ"

ဒိန်းခနဲမြည်နေအောင် ရှောင်းကျန့် ရင်ထဲက နှလုံးခုန်သွားသည်။ ဒါက.....ဝမ်ရိပေါ်အသံပဲ။

လှေကားကဆင်းလာသူသည် တကယ်ကို ဝမ်ရိပေါ်ဖြစ်နေခဲ့တာပင်။

ဝမ်ရိပေါ်..... ဘာလို့ဝမ်ရိပေါ်လဲ..။

ရှောင်းကျန့် ခပ်တည်တည်နဲ့ပဲ...

"ငါတို့ဆိုင်ရဲ့အဆောက်အဦးကို ပြန်ဝယ်လိုက်တဲ့သူကို လာတွေ့တာပါ"

"ငါတို့..."

ဝမ်ရိပေါ်မျက်နှာက တစ်ချက်တွန့်သွားသည်။

"ပြန်ဝယ်လိုက်တဲ့သူက မင်းလား"

ရှောင်းကျန့်ကို ကွေ့ရှောင်ပြီး ဝမ်ရိပေါ်က ဆိုဖာပေါ်သွားထိုင်သည်။

"ထိုင်ပါအုံး..ပြောမဲ့စကားတွေက ရှည်မဲ့ပုံပဲ"

မျက်နှာချင်းဆိုင်က ဆိုဖာကို မေးတစ်ချက်ဆက်ပြီး ဝမ်ရိပေါ်က ထိုးပြသည်။ ရှောင်းကျန့် လည်း မတတ်နိုင်စွာ ဆိုဖာမှာဝင်ထိုင်လိုက်သည်။

"လာရင်းအကြောင်းက..."

ဝမ်ရိပေါ်က လက်နှစ်ဖက်ကို ခပ်တင်းတင်းပိုက်ပြီး ရှောင်းကျန့်ကို တရားခံစစ်သလိုအကြည့်နဲ့ မေးသည်။

Building2201 has my Love (Completed)Where stories live. Discover now