Ep.8

9.2K 741 3
                                    

8

ရိပေါ် သူ့လက်မောင်းတွေကြားထဲ အသက်ရှူမှန်မှန်ဖြင့် အိပ်ပျော်နေသော ရှောင်းကျန့်ကို မမှိတ်မသုန်စိုက်ကြည့်နေသည်။

ဒီကိုကိုက......အရမ်းချစ်စရာကောင်းတယ်။ သူပေးထားတဲ့အမှတ်အသားတွေဟာ တစ်ကိုယ်လုံးအနှံ့ ရဲတွတ်စွာရှိနေသော ကိုယ်လုံးပိန်ပိန်လေးကို ကြည့်ပြီး ဝမ်ရိပေါ် ကျေနပ်နေသည်။

အိပ်မပျော်သွားခင် သူ့အောက်မှာ အော်ဟစ်ငြီးငြူးနေသော ဒီကိုကိုလေးဟာ ကြည့်လေကြည့်လေ ချစ်ချင်လေပဲ။

သူ့ကို ရီဝေပြီး မျက်ရည်များကျဆင်းနေသော မျက်အိမ်ကျယ်လေးများက တောင်းပန်တိုးလျှိုးနေပုံကို မြင်ရတာဟာ ဝမ်ရိပေါ် ကို ပိုလို့ လိုချင်စိတ်ပြင်းပြစေတယ်။

ဒီကိုကိုလေးရဲ့ သူ့အောက်က နာကျင်ခံစားနေရတဲ့ပုံစံမျိုး သူတစ်ယောက်သာမြင်ခွင့်ရှိတယ်။ သူကလွဲ ပြီး ဘယ်သူမှ မမြင်စေရဘူး။

ရှောင်းကျန့်နိုးလာချိန်တွင် ဝမ်ရိပေါ်က မရှိတော့ပေ။
ရှောင်းကျန့် ဟာ နေရောင်ကျရောက်လာမှုကြောင့် နိုးထလာသည်။ ကိုက်ခဲနေသော ကိုယ်ခန္ဓာနဲ့ အားအင်မရှိမှုကို ခံစားလိုက်ရသည်။

အခန်းပတ်ဝန်းကျင်ကို ကြည့်ပြီး ဘာတွေဖြစ်နေလဲဆိုတာ ရုတ်တရက် စဥ်းစားမရဖြစ်နေသော ရှောင်းကျန့်ဟာ ငုတ်တုတ်ထထိုင်ဖို့ပြင်လိုက်မှသာ မေ့နေသော မြင်ကွင်းများအားလုံး ဦးနှောက်ထဲ ပြန်ဝင်လာသည်။

အား........ညက.....သူ.....ဝမ်ရိပေါ်နဲ့။

ရှောင်းကျန့်ရဲ့ကျောရိုးတစ်လျှောက် လှုပ်လိုက်တာနဲ့ ကျောရိုးထဲရိုက်ထည့်ထားသော သံချောင်းကြီး စူးနေသကဲ့သို့ခံစားရသည်။

ထိုင်ချင်တာလည်း ထိုင်လို့မရ။ ရှောင်းကျန့်ရဲ့အောက်ပိုင်းက ထုံကျဥ်နေပြီး ခံစားရတဲ့ဝေဒနါက တော်တော်ဆိုးပါသည်။

စောင်အောက်ကို လှန်ကြည့်လိုက်တော့ ဘာအဝတ်အစားမှမရှိ။ ဒါပေမဲ့ ညစ်ပေနေတာတွေလည်း မရှိ။ ဝမ်ရိပေါ် သန့်ရှင်းပေးထားတာဖြစ်မည်။

ညကအဖြစ်ကို ပြန်မြင်ယောင်တော့ ရှောင်းကျန့် မျက်နှာ ပြန်နီရဲလာသည်။

Building2201 has my Love (Completed)Where stories live. Discover now