Ep.9🔞

10.5K 682 9
                                    

9

သိပ်မကြာခင် ဒေါက်တာယွီရောက်လာသည် ၊ ဒေါက်တာယွီက ရိပေါ်တို့ရဲ့မိသားစုဆရာဝန် ၊ ရိပေါ် ကိုကို့ကိုကြည့်ပြီး အလျင်စလို ခေါ်လိုက်ရပေမဲ့ ဒေါက်တာယွီဆီကနေ ပါးဆီသတင်းပျံ့သွားမှာလည်း စိုးရိမ်သွားသည်။

"ဒေါက်တာယွီ ကိုကိုက ဘာလို့မနိုးလာသေးတာလဲ"

"သူက သတိလစ်သွားတာပါ သခင်လေး"

"ဪ...ကိုကို့အောက်က သွေးထွက်တာကရော ဘယ်လို နေသေးလဲ"

"သွေးတိတ်ဆေးထိုးပေးထားလို့ ရပ်သွားပါပြီ အားနည်းပြီး သတိလစ်သွားတာပါ စိတ်ကြောင့်လည်း ပါပါတယ် "

"သွေးက ဘာလို့ထွက်လာတာလဲ ညကတည်းက ကျွန်တော် ဆေးသေချာလိမ်းပေးထားတာကို"

"အဟမ်း........ဟို....ကျွန်တော်ထင်တာတော့ သူ့ရဲ့အဲ့နေရာက ကွဲထားတာက အနားမယူပဲ လှုပ်ရှားတာများရင်လည်း ပြန်ကွဲသွားတတ်ပါတယ်"

"အင်း...ခု ဘာမှ မဖြစ်တော့ဘူးမလား"

"ဟုတ်ကဲ့ မစိုးရိမ်ရတော့ပါဘူး ကျွန်တော်ဆေးချိတ်ပေးထားတယ် သိမ်မကြာခင် သတိပြန်ရလာမှာပါ သူအနားယူဖို့လည်း လိုတယ်"

"ကျွန်တော်နားလည်ပြီ ဒေါက်တာယွီ သိထားတာတွေကို ဒီအိမ်ကနေထွက်တာနဲ့ မေ့လိုက်စေချင်တယ် မဟုတ်ရင် ကျွန်တော်က ဒေါသကြီးတာနဲ့ ဒေါက်တာယွီကို ထိခိုက်မိမှာ စိုးရိမ်ရတယ်"

"သခင်လေး စိတ်ချပါ..ကျွန်တော်နားလည်ပါတယ်"

ဒေါက်တာယွီပြန်သွားတာ တစ်နာရီကြာတဲ့ထိ ရှောင်းကျန့် က မနိုးလာသေး ၊ ရိပေါ် ကိုကို့ဘေးနားက နေ ဘယ်ကိုမှမသွားနိုင်သေးပဲ ကိုကိုနိုးလာမဲ့အချိန်ကိုသာ ထိုင်စောင့်နေသည် ၊ ကိုကိုနိုးလာရင် ကိုကိုနားလည်စေရန် ပြောပြရမဲ့ စကားတွေက အများကြီး ၊ သေချာတယ် ကိုကိုသိမှာစိုးလို့ သူတမင်ကြိုးတွေဖြတ်ထားခဲ့တာတောင် ကိုကိုသိသွားခဲ့ပြီ ၊ ကိုကိုသိသွားရင် နာကျင်ရမှာစိုးလို့ သူလုပ်ခဲ့တာပါ။

ရိပေါ် ကုတင်ဘေး ထိုင်နေရာကနေ ရှောင်းကျန့်ရဲ့ နဖူးပေါ်ကဆံပင်လေးတွေ သပ်တင်ပေးရင်း စိတ်မကောင်းဖြစ်နေရသည်။

Building2201 has my Love (Completed)Where stories live. Discover now