1.စတင်ခြင်း(စတင်ခြင်း)

6.3K 381 8
                                    

Acity နှင့်နီးသောတောင်တန်းတစ်ခုသည်နိုင်ငံတော်အဆင့်ထိပ်တန်းလျှိုဝှက်ချက်များကိုပြုလုပ်သည့် သုတေသနဌာနတစ်ခုဖြစ်သည်။ကန့်သတ်နယ်မြေတစ်ခုလဲဖြစ်တယ်။ယခုညတွင်ဌာန၏စမ်းသပ်ခန်းထဲတွင်လူများသည်အရေးကြီသော
စမ်းသပ်မှုတစ်ခုအတွက် အလုပ်များနေကြသည်။

ယခင်ကသုတေသနပညာရှင်များသည်
ထူးဆန်းသော virusတစ်မျိုးကိုကြွက်ရဲ့ကိုယ်ထဲသို့သွင်းကားစမ်းသပ်ခြင်းဖြစ်သည်။virusရှိနေသောကြွက်သည်ခနငြိမ်သွားပြီးနောက်ပါးစပ်မှအမြုပ်များထွက်ကာသေသွားတော့သည်။ထိုနည်းဖြင့်အကောင်အမျိုးမျိုးကိုအကြိမ်ကြိမ်စမ်းသပ်ခဲ့သော်လည်းမအောင်မြင်ခဲ့ပါ။

သုတေသနပညာရှင်များသည်လက်လျော့ရန်စဉ်းစားခဲ့ကြသည်။သိုသော် ဖောင်‌ဒေးရှင်းမှအကြီးအကဲများသည်သူတို့အားလူဖြင့်စမ်းသပ်စေလိုသည်။ထိုလူ(ဥက္ကဌ)သည်ထောင်ထဲမှတစ်သက်တစ်ကျွန်းကြခံရသောလူများကိုစမ်းသပ်ခန်းသို့ခေါ်၍စမ်းသပ်စေသည်။

ယခုညသည်လူဖြင့်စမ်းသပ်သောညဖြစ်၍သုတေသနပညာရှင်များသည်အားစိုက်ကာလုပ်ဆောင်နေကြသည်။မအောင်မြင်လျှင်သူတိုအားသတ်၍နှုတ်ပိတ်ပစ်မည်ဖြစ်သည်။
အစမ်းသပ်ခံလူထဲသိုအရည်တစ်မျိုးကိုထိုးထည့်လိုက်သည်။
ခနကြာသောအခါထိုအစမ်းသပ်ခံသည်ရူးသွပ်သွားသလိုမျိုးစတင်ရုန်းကန်လာခဲ့သည်။ထို‌ နောက်မျက်သားနှစ်ခုသည်နက်လာပြီပါးစပ်ကသရေများကြလာကာအစွယ်များထွက်လာခဲ့သည်။သူ၏လက်သည်း၊‌ ခြေသည်းများသည်မည်းနက်လာခဲ့သည်
ထိုသူသည်စတင်ပြောင်းလဲလာခဲ့လေပြီ။။။စမ်းသပ်မှုအောင်မြင်ခဲ့ခြင်းကြောင့်နောက်လူများကိုပါvirus ကိုဆက်ထိုးရန်အမိန့်ပေးခဲ့သည်။
လူများစွာကိုvirusထို့၍အခန်းများထဲတွင်ချုပ်ထားခဲ့သည်။
ထိုလူများသည်2ရက်ကြာသောအခါတွင်အပုပ်နံများစတင်ထွက်လာခဲ့တော့သည်။လက်သည်းများသည်လည်းချွန်မြကာရှည်ထွက်လာသည်။ ‌သွေးကြောများသည်လည်းခရမ်းပုပ်ရောင်ဖြစ်လာခဲ့သည်။လုံး၀အသိစိတ်ပျောက်ဆုံးသွားပြီဖြစ်သည်။

အချုပ်ခန်းထဲသိုလက်‌ေထာက်သုတေသနပညာရှင်လေးသည်၀င်လာခဲ့ပြီသူလုပ်နေကြအတိုင်းစမ်းသပ်ခံများ၏အချက်အလက်များကိုယူတော့သည်။လူအနံကိုရသောအခါzombiesများသည်ရူးသွပ်သွားပြီးရုတ်ရုတ်သည်းသည်းဖြစ်လာကြသည်။ဇွန်ဘီများသည် သုတေသနပညာရှင်လေးကိုရုတ်တရက်ခုန်အုပ်ကာကိုက်ဖြတ်စား‌ သောက်ကြတော့သည်။သူသည်ရုန်းကန်ကာအော်ဟစ်နေသော်လည်းသံကိုဇွန်ဘီများမှလွဲ၍မည်သူမှမကြားနိုင်ပါ။နောက်ဆုံးတွင်ဇွန်ဘီများသည်သူအားအပိုင်းပိုင်းဆွဲကာကိုက်ဖြတ်စားသောက် လိုက်ကြတော့သည်။
ဇွန်ဘီများသည်အချုပ်ခန်းထဲမှလွတ်လာကာလူနံရသည့်နေရာများထံသို့သွားကြသည်။ထိုနောက်တွင်သု‌တေသနဌာနသည်သေနတ်ပစ်သံများအော်ဟစ်သံများနှင်ဆူညံနေတော့သည်။စမ်းသပ်ခံရပြီးသေသွားသောအ‌ကောင်များမြုပ်ထားရာနေရာမှ အကောင်များသည် သန္ဓောပြောင်းများအဖြစ်နိုးထလာခဲ့ပီဇွန်ဘီများနှင့်အတူလူများကိုကိုက်ဖြတ်စားသောက်ကြတော့သည်။။

Zombie အဖြစ်ကူးပြောင်းလာသောMc(zombie အဖြစ်ကူးပြောင်းလာသောmc)Where stories live. Discover now