(18)

1.5K 307 14
                                    

"ဘလို"

"ဘယ်လို ကျနော်တို့ကကျန်ခဲ့" စမစ်သူ့ရဲ့စကားတောင်မဆုံးသေးဘူး သူ့တို့ကိုထားပြီး ရှေ့ဆက်သွားခဲ့တဲ့ခေါင်းဆောင်ကြောင့် ကျန်တဲ့လူတွေရဲ့မျက်နှာကိုပြန်ကြည့်လိုက်တယ်။

ကျန်တဲ့လူတွေကလည်းမနိုင်ဘူးဆိုတဲ့မျက်နှာပေးနဲ့ စမစ်ရဲ့နေရာလွတ်ထဲကို၀င်လိုက်ကြတယ်။

ကျန်းဇီ အဆောက်ဦးရဲ့ထိပ်ကိုအလျင်အမြန်နဲ့‌ခုန်တတ်သွားလိုက်တယ်။အဆောက်ဦးရဲ့ထိပ်ကိုရောက်တာနဲ့ တစ်ဖက်ကအ‌ ဆောက်အဦးတစ်ခု‌ ပေါ်မှာရှိနေတဲ အရာကိုသူသေချာ
မြင်လိုက်ရတယ်။

သူရဲ့ရှေ့မှာရှိနေတဲ့‌ဟာက ဇွန်ဘီလား လူလားဆိုတာကို သူပထမအကြိမ်မှာသေချာအကဲမဖြတ်နိုင်ဘူး။ ဒါပေမယ့်အဲ့အရာက သူကိုသတိတကြီးနဲ့အကဲဖြတ်နေတယ်ဆိုတာကိုတော့သူခံစားလို့ရနေတယ်။ပြီတော့အဲ့အရာဆီကနေ ရှောင်မိုရဲ့အငွေ့အသက်ကိုလည်းသူရနေ‌ သေးတယ်။ တဖြည်းဖြည်းနဲ့‌ နေရဲ့အလင်းရောင်ကထွက်ပေါ်လာတာမလို အခုမှတစ်ဖက်လူရဲ့ပုံ စံကိုသူရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်။ တစ်ကိုယ်လုံးကိုပတ်တီးတွေ စီးထားတဲ့မံမီလိုဇွန်ဘီကိုသူအခုမှပထမဦးဆုံးမြင်ဘူးတာဖြစ်တယ်။ အဖြူရောင်အကျီကို၀တ်ဆင်ထားပြီးသန့်ရှင်းသပ်ရပ်နေတဲ့ ဇွန်ဘီကိုမြင်ဘူးတာလည်းဒါပထမဦးဆုံးအကြိမ်ဘဲ။

"လူသားပုံစံမပျက်‌တဲ့ဇွန်ဘီ လူသားလိုကောအသိဉာဏ်ရှိလားဆိုတာသိချင်တယ်"

မျက်သားတွေမဲနေတာရယ် ၊လက်သည်းတွေရယ် ကိုသာသူမတွေ့ရရင် သူ့ရှေ့မှာရှိနေတဲ့ဇွန်ဘီကိုလူတစ်ယောက်လို့သာထင်မိမှာ။

ရှောင်မို သူရှေ့မှာရှိနေတဲ့လူဆီကနေပြင်းထန်တဲ့လူသတ်ချင်စိတ်တွေထွက်ပေါ်နေတာရယ် သူထက်စွမ်းအားပိုကြီးတာရယ်ကြောင့် ဘာမှမလှုပ်ရှားဘဲ ငြိမ်ငြိမ်လေးနေပြီ စိတ်ဝိညာဉ်စွမ်းအင်နဲ့ ကိုယ်ကိုကာကွယ်ထားလိုက်တယ်။

ကျန်းဇီသူရှေ့မှာရှိ နေတဲ့ဇွန်ဘီက သူ့ရဲ့စွမ်းအားကိုတစ်ဖြေးဖြေးချင်းစုဆောင်းနေတယ်ဆိုတာ ဇွန်ဘီနားမှာရှိတဲ့စွမ်းအင်လှိုင်းအတက်အကျတွေကိုကြည့်ပြီးသူသိလိုက်တယ်။

Zombie အဖြစ်ကူးပြောင်းလာသောMc(zombie အဖြစ်ကူးပြောင်းလာသောmc)Where stories live. Discover now