(14)

1.5K 320 24
                                    

မိုမိုလေးကိုမျှော်နေတဲ့လူများရှိမလားလို့ မြေခွေးလေး မupဘဲ မိုမိုလေးအရင်upလိုက်တယ်။ daddy ကိုမျှော်နေတဲ့လူတွေရှိလား🤪 ဒါဆိုရင်၊(╭☞•́⍛•̀)╭☞

ဟိုတယ်တစ်ခုရဲ့အမိုးထက်မှာ အရပ်ခြောက်ပေကျော်တဲ့ ယောကျာ်တစ်ယောက်ဟာစစ်၀တ်စုံကို၀တ်‌ဆင်ထားပြီး မှောင်မည်းနေတဲ့ကောင်ကင်ကိုမော့ကြည့်နေတယ်။

"မင်းဒီမှာရှိမယ်လို့ငါထင်သားဘဲ"

ထိုအချိန်မှာ စစ်၀တ်စုံ၀တ်ဆင်ထားတဲ့ ယောကျာ်တစ်ယောက်က ထိုသူရဲ့ဘေးကိုရောက်လာပြီး ဘေးမှာမတ်တပ်ရပ်လိုက်တယ်။ကျန်းဇီ သူ့ရဲ့ဘောင်းဘီအိတ်ကပ်ထဲမှာရှိတဲ့စီးကရက် ကိုထုတ်လိုက်ပြီး မီးညို့လိုက်တယ်။‌ ဆေးလိပ်ကို နှုတ်ခမ်းနဲ့တည့်လိုက်ကာတစ်ချိုက်ဖွာလိုက်ပြီးဆေးလိပ် ငွေ့တွေကို ဘေးမှာရှိတဲ့ သူညီဆီကိုမှုတ်ထုတ်လိုက်တယ်။

"သောက်အုံးမလား "
ကောင်ကင်ကိုမော့ကြည့်နေတဲ့ယောကျာ်းက သူဘေးမှာရှိနေတဲ့ ကျန်းဇီကိုကြည့်ပြီးမျက်မှောင်ကြုံလိုက်ပြီးအေးစက်စက်လေသံနဲ့ပြောလိုက်တယ်။

"ဖြတ်ထားတယ်"

"အိုး ။ မင်းဘဲ အရင်က သူကိုသဘောမကျဘူးဆို။ အရမ်းကိုတွယ်ကပ်လွန်းလို့ဆို။"

ကျန်းဇီပြောလိုက်တဲ့စကား‌ ကြောင့်ကျန်းရီရဲ့မျက်နှာသည်သတ်ဖြတ်ချင်စိတ်တို့ဖြင့်ပြည့်နှက်နေကာနားထင်မှသွေးကြောတွေထောင်လာပြီးသွားကိုကြိတ်ကာ

"တိတ်စမ်း "

ကျန်းဇီ ကျန်းရီရဲ့ သတ်ဖြတ်ချင်တဲ့အကြည့်ကြောင့်

"အိုးဟိုးးးး မင်းငါကိုအဲ့လိုလာမကြည့်နဲ့လေ။ ငါကမင်းစကားကိုပြန်ပြောပြတာ‌ နော်။ မင်းရှောင်မိုကိုစိတ်ပူနေတာငါသိတယ် ။ ဒါပေမယ့်မင်းအနားမယူတာကြာလှပြီ။ခနလောက်သွားအနားယူလိုက်ပါလား။"

"သူသေလား ရှင်လာမသိဘဲနဲ့တော့ ငါဘယ်လိုလုပ်စိတ်ဖြောင့်ဖြောင့်နဲ အနားယူနိုင်မှာလည်း။ ဒါတွေကငါ့အမှားပါ ငါသာစောစောရောက်သွားခဲ့ရင် "

ကျန်းရီရဲ့အေးစက်နေတဲ့မျက်နှာဟာချက်ချင်းဆိုသလို ညို့မှိုင်းသွားသည်။သူ့ရဲ့စူးရှတဲ့မျက်၀န်းတွေကအခုအချိန်မှာ စိတ်ပူမှု၊နောင်တရမှု၊ နာကျင်မှုတွေဖြစ်ပေါ်နေတယ်။
သူ သူ့ရဲ့ရေခဲတုန်းညီလေးကို ဒေါသထွက်အောင်စနှောက်ရတာကို သူအကြိုက်ဆုံးပဲ။ဒါပေမယ့်သူညီလေးရဲ့ နာကျင်၀မ်းနည်းမှုတွေကိုမြင်လိုက်ရတဲ့အတွက်ကျန်းဇီ ကျန်းရီရဲ့ပုခုံးကိုပုတ်ပြီးနှစ်သိမ့်ပေးလိုက်တယ်။

Zombie အဖြစ်ကူးပြောင်းလာသောMc(zombie အဖြစ်ကူးပြောင်းလာသောmc)Where stories live. Discover now