(7)

1.6K 290 9
                                    

'ဟက်နောက်ဆုံးတော့ရောက်လာပြီပဲ'

အဲ့ဇွန်ဘီကလူလိုပုံစံ‌တော့ရှိ‌သေးတယ်။ဒါပေမယ့်အဲ့ဇွန်ဘီကောင်ကတော်တော်ကိုရုပ်ဆိုးတာ အရင်နေ့ထက်ပိုအခြေနေဆိုးနေတာကို မြင်လိုက်ရတယ်။ ခြေတောက်နှစ်ဖက် မှာအသားတွေမရှိဘဲ အရိုးကိုဘဲမြင်နေရတယ်။လက်ကျပြန်တော့လည်း အသားတွေကပုပ်ပွနေပြီး  အရိုးကအသားအပြင်ကိုဖောက်ထွက်နေတယ်။ ဗိုက်ထဲက အူတွေကအပြင်မှာထွက်ကြပြီး ကျန်တဲ့အစိတ်အပိုင်းတွေကတော့မရှိတော့ဘူး။ 

မျက်လုံးတွေကတော့သူလိုမျိုးမည်းနက်နေပြီး နှာခေါင်းက‌ တော့ရှိသေးတယ်။သူ့ပါးစပ်တစ်ခြမ်းကအကောင်းအတိုင်းရှိနေပေမယ့်တစ်ဖက်ကတော့ နားရွက်နားထိရောက်အောင် ဟောင်းလောင်းပေါက်ကြီးဖြစ်နေပြီး သရည်တွေကလည်းစီးကျ‌နေသေးတယ် ။ ဦးခေါင်းခွံတစ်ခြမ်းကလည်းမရှိတော့လို့ ဦနှောက်ကိုတောင်မြင်နေရတယ်။ အဲ့ဇွန်ဘီအခန်းထဲလည်း၀င်လာရော ‌ရှောင်မိုတစ်ယောက်အနောက်ကိုဆုတ်လိုက်ရတယ် ။ကြောက်လွန်းလို့တော့မဟုတ်ဘူး ညစ်ပတ်နံ့ဆော်နေတဲ့အပုပ်ရည်အနံ့ တွေကအခန်းထဲမှာပျံနှံလာလို့ဖြစ်တယ်။

ဟိုဇွန်ဘီကောင်က သူကိုသေချာကြည့်ပြီး အနံခံသလိုမျိုးလုပ်လာခဲ့တယ်။ ပြီးတော့အဲ့ဇွန်ဘီက သူကို အမဲလိုက်တော့မဲ့သားကောင်လိုမျိုးလောဘတစ်ကြီး ကြည့်လာတာကို ရှောင်မိုတွေ့လိုက်ရတယ်။

ဒီဇွန်ဘီကိုရှောင်မိုကြည့်လိုက်တာနဲ့ဟိုနေ့ကသူသတ်ခဲ့တဲ့ဇွန်ဘီတွေထက်ပိုအားကောင်းမယ်ဆိုတာကိုသူသိနေခဲ့တယ်။

'သူလည်းဇွန်ဘီ ငါလည်းဇွန်ဘီလေ အတူတူပဲမဟုတ်ဘူးလား
အဲ့တာကိုသူက ငါကိုသား‌ကောင်လို ကြည့်လာတဲ့အကြည့်ကဘာလဲ '

'ငါလူဖြစ်တုန်းက စားဖို့လိုက်တာကိုငါနားလည်ပါတယ်။ဟိုနေ့ကလည်း ငါသူဒီကိုပြေးလာတာမြင်တာနဲ့ မြေအောက်ခန်းထဲမှာပုန်းနေခဲ့တာပဲမလား။သူ့ကိုဘယ်တုန်းကရန်စမိလို့လဲ။ နေပါအုံး ငါတောင်ဟိုဇွန်ဘီတွေရဲ့ခေါင်းထဲကကျောက်တုံး‌ လေးနဲ့ ကျင့်ကြံခဲ့တာမလား ။'

'ဒါဆိုဒီဇွန်ဘီလည်းအဲ့လိုကျင့်ကြံရမယ်ဆိုတာကိုများသိနေတာလား။ဒီလိုဆိုရင်ဒီကောင်ကငါကို သူ့အစာလိုမှတ်နေတာများလား။အော် ဒါကြောင့် ငါခေါင်းထဲကကျောက်တုံးကိုလို‌ခြင်နေလို့အဲ့လို လောဘကြီးတဲ့အကြည့်နဲ့ကြည့်နေတာဖြစ်ရမယ်။

Zombie အဖြစ်ကူးပြောင်းလာသောMc(zombie အဖြစ်ကူးပြောင်းလာသောmc)Where stories live. Discover now