(13)

1.5K 291 24
                                    

ရှောင်မို သူ့ပတ်၀န်းကျင်မှာရှိတဲ့ စိုက်ပျိုးရေးခြံတွေတစ်ခုပြီးတစ်ခုကိုရှင်းလင်းဖို့၀င်လိုက်ထွက်လိုက်နဲ့အလုပ်များနေခဲ့တယ်။ ဘယ်လောက်ကြာသွားတယ်တော့ မသိ သူစိုက်ပျိုးရေးခြံရှင်းလင်းတာတစ်၀က်လောက်လဲပြီးသွားရော ကောင်းကင်မှာ‌ နေရဲ့အလင်း‌ရောင်‌ ပျောက်ကွယ်သွားပြီဖြစ်တယ်။

'အိုးးးည ရောက်သွားပြီဘဲ။ ဒီနေ့ညတော့ ဒီမှာဘဲနားတော့မယ်။ '
"ဂွီ ဂွီ ဂွီ"
'ဗိုက်ဆာလိုက်တာ။ အထဲကိုမြန်မြန်၀င်မှဘဲ။ဒီနေ့တော့အစားကောင်းလေးတွေအများကြီးဘဲ။၀င်'

သူအထဲကိုရောက်တာနဲ့ ထူထပ်နေတဲ့မြူအုပ်ကြီးကိုမြင်လိုက်ရတယ်။

'မြူတွေပြန်ထူလာပါလား  ။ ငါ ရှာထားတဲ့အသက်ရှိ‌ နေတဲ့သန္ဓေပြောင်းအပင်တွေကိုလည်းမတွေ့တော့ဘူး။ ကြည့်ရတာအသက်ရှိ နေတဲ့သန္ဓေပြောင်းအပင်တွေက ဒီနေရာလွတ်ရဲ့စိတ်ဝိညာဉ်အတွက်အကျိုးရှိပုံဘဲ။ငါ‌‌နောက်အဲ့လိုအပင်‌တွေများများရှာရမယ်။ဒါဆိုရင် ငါမြန်မြန်ကျင့်ကြံနိုင်ပီ။'

သူဗိုက်ဆာလာတာမို့မနေ့ကသူသတ်ထားတဲ့ မြွေရဲ့အသားတွေကိုထုတ်ပြီစားလိုက်တယ်။ စိုက်ပျိုးရေး ခြံတွေရှင်းလင်းတုန်းက သန္ဓေပြောင်းအ‌ ကောင်တော်တော်များများကိုသူဖမ်းမိခဲ့တယ်။ဒါကြောင့်သူတစ်ပတ်လောက်အစာမရှာဘဲအေးအေး ဆေးဆေးနဲ့ဇွန်ဘီတွေသွားသတ်လို့ရတယ်။မြူတွေကလည်းထူနေတဲ့အတွက်မနက်ဖန်ဇွန်ဘီသွားမသတ်ခင်ကျင့်ကြံဖို့ဆုံးဖြတ်လိုက်တယ်။

ရှောင်မိုမြန်မြန်စားသောက်ပြီ အပြင်ထွက်ပြီး ဇွန်ဘီအမဲလိုက်ဖို့လုပ်လိုက်တယ်။

'ငါတစ်ခုခုကို‌ မေ့နေသလားဘဲ '

သူ့ကိုယ်သူပြန်ငုံကြည့်လိုက်တော့ သူ့ခန္ဓာကိုယ်မှာအ၀တ်နဲ့တူတာဆိုလို့ ဘာမှရှိမနေဘူး။

' သေစမ်း ငါအခုချိန်ထိအကျီမ၀တ်ရ ‌သေးဘူးပေါ့'

သူဘေးပတ်၀န်းကျင်ကိုသေချာပြန်ကြည့်လိုက်ပြီး  'ဟူးတော်သေးတာပေါ့ ဘယ်သူမှမရှိလို့ နေပါအုံး နေရာလွတ်ရဲ့စိတ်ဝိညာဉ် ကကော သူကဘာသိမှာလည်း ထားလိုက်တော့'

Zombie အဖြစ်ကူးပြောင်းလာသောMc(zombie အဖြစ်ကူးပြောင်းလာသောmc)Where stories live. Discover now