(4)

1.7K 317 3
                                    

'ရွံစရာကောင်းလိုက်တာ ။ အနံ့တွေပျောက်ဖို့သတ်ပစ်လိုက်မယ်'
သူ့သူရဲ့တုတ်ကိုမြောက်ပြီးဘေးမှာရှိတဲ့ဇွန်ဘီခေါင်းကိုရိုက်ခွဲလိုက်တယ်။သူတော်တော်အားစိုက်ပြီးလေးငါးချက်လောက် ရိုက်ရမယ့်ထင်ထားတာပုံမှန်အားနဲ့ပဲရိုက်ရသေးတယ် ဖရဲသီးကိုခွဲလိုက်သလိုပဲ ဇွန်ဘီရဲ့ခေါင်းကအစိတ်စိတ်အမွှာမွှာဖြစ်သွားတယ်။ ဦနှောက်တွေပြန့်ကျဲသွားတာနဲ့ အဖြူနဲ့အကြည်ရောင်ကျောက်တုံးလေးကအောက်ကို ပြုတ်ကျသွားတယ်။
သူနောက်တစ်ကောင်ကိုသတ်မလို့လုပ်နေတုန်းသူမျက်စိထောင့်ကနေ အဖြူနဲ့အကြည်ရောင်ကျောက်တုံးကိုမြင်လိုက်ရတယ် ။သူအဖြူနဲ့အကြည်ရောင်ကျောက်တုံးကိုကောက်ယူလိုက်ပြီးလက်ထဲမှာကစားနေလိုက်ပြီး သူမှတ်ဉာဏ်ထဲရှာဖွေနေလိုက်တယ်။အပြင်မှာဒါကိုဘယ်လိုခေါ်မှန်းသူမသိပေမဲ့ ရုပ်ရှင်ထဲမှာတော့ဒါကဇွန်ဘီအမြုတေလို့ခေါ်မှန်းသူသိထားတယ်။

'ဒါကအမြုတေပေါ့ လှသားပဲအကြည်‌ရောင်‌ လေးမှာအဖြူပါတယ်ကျောက်လေးက'

သူကလှတဲ့ဟာတွေ၊အ‌ရောင်တောက်တဲ့ဟာဆိုရင်သိပ်သဘောကျတာ ဒါကြောင့်သူအကျီအိတ်ကပ်ထဲကိုထည့်လိုက်ပြီးကျန်တဲ့အကောင်တွေကိုကြည့်လိုက်တယ်။

'မင်းတို့မှာလည်းဒီလိုလှတာလေးတွေရှိမယ်လို့ငါမျှော်လင့်တယ် '

သူစိတ်လှုပ်ရှားလာပြီ ကျန်တဲ့ဇွန်ဘီတွေရှိတဲ့နေရာကိုပြေးသွားလိုက်တယ် ။ဇွန်ဘီတွေကကြောက်ကြောက်လန့်လန့်ဖြစ်လာပြီလက်သည်း‌တွေနဲ့သူကိုကုတ်ဆွဲလာကြတယ်။
သူလည်းဇွန်ဘီတွေရဲ့ခေါင်းကိုပျော်ပျော်ကြီးရိုက်ခွဲလိုက်ပြီ
ကျောက်တုံးလေးတွေလိုက်စုနေတယ်။ တစ်ခုဆိုတစ်ခုလုံးအဖြူ‌ ရောင်ဖြစ်တယ်။သူကျောက်တုံးလေးတွေကိုအိတ်ကပ်ထဲထည့်လိုက်ပြီးအိမ်ရှေ့ကိုလျောက်သွားလိုက်တယ်။ အိမ်ရှေ့မှာဘာကိုမှမတွေ့လို့ ပွင့်နေတဲ့တံခါးပေါက်ဆီ ဦးတည်လိုက်တယ်။
အိမ်ရှေ့တံခါးကနေခြံထဲကိုကြည့်လိုက်ပေမယ့်ဘာဇွန်ဘီမှရှိမနေဘူး။ သူ ခေါင်းကိုမော့ပြီ လေထဲကနေအနံ့ခံလိုက်တယ်။
သူလေထဲကနေ ပုပ်သိုးနေတဲ့အနံ့တို့နဲ့ ထူးခြားတဲ့အနံ့သုံး လေးမျိုးလည်းရသေးတယ်။

Zombie အဖြစ်ကူးပြောင်းလာသောMc(zombie အဖြစ်ကူးပြောင်းလာသောmc)Where stories live. Discover now