(39)

2.1K 251 36
                                    

" မပြောချင်ဘူးဆိုရင်လည်းထားလိုက်တော့ " ယင်ဆု မှောင်လာတဲ့အပြင်ဘက်ကိုတစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်ကာ

"ငါတို့ အဖွဲ့၃ကို ဆက်စောင့်ရအောင် "

"ခေါင်းဆောင်ကျနော်တို့အဖွဲ့ကတော့အရမ်းပင်ပန်းနေပြီ  စခန်းကိုပြန်ပြီအနားယူချင်နေပြီ "

"ဟုတ်တယ် ကျနော်လည်းဗိုက်အရမ်းဆာနေပြီ "ကျောင်းကျောင်း သူ့ရဲ့အသံမြည်နေတဲ့ဗိုက်လေးကိုပွတ်ပြီး သနားစရာကောင်းအောင်ပြောလိုက်သည်။ ကျောင်းကျောင်း စကားဆုံးတာနဲ့ ယင်ဆုသူ့ဘေးမှာရှိနေတဲ့လူတိုင်းက သူ့ကိုသနားစရာကောင်းတဲ့မျက်လုံးလေးတွေနဲ့ကြည့်လာခဲ့တာမို့ 

"အဲ့.. အင်းးးး..အဲ့တာက " ယင်ဆု သူဘယ်လိုပြန်ပြောရမလဲဆိုတာကိုအခက်တွေ့နေခဲ့သည်။ အဖွဲ့၃ထဲမှာ အဆင့် ၇နှစ်ယောက်ရှိနေတဲ့အတွက် သူ့အနေနဲ့အဲ့နှစ်ယောက်ကိုထားခဲ့ဖို့ဆိုတာမဖြစ်နိုင်ဘူး။ အဆင့်၇တွေက စခန်းရဲ့အဓိကအင်အား တွေ့မို့လို့ အဲ့လူနှစ်ယောက်သာပြန်ပါမလာရင် သူမ စခန်းရဲ့ စစ်ဆေးမှုကိုခံယူရမှာဘဲ။ ဒါက ဒဏ်ငွေဆောင်လိုက်ရင်
ပြဿာနာက ပြီးသွားမယ်ဆိုပေမယ့် ဒီလူနှစ်ယောက်က အကြီးအမှူးတစ်ယောက်ယောက်ရဲ့ တပည့်တွေဖြစ်နိုင်တာမို့ သူမကို အလွတ်ပေးမှာမဟုတ်ဘူး။ အကြီးအမှူး သုံးယောက် ကလည်း တစ်ယောက်ကိစ္စကိုတစ်ယောက်ယောက်၀င်ယောက်မစွက်ဖက်ကြတာမလို့ သူမအနေနဲ့ ဘယ်အဖွဲ့ကိုမှ၀င်ရောက်နိုင်မှာမဟုတ်‌ ပေ။သူမကြောင့် သူတို့တွေရဲ့မျှခြေကိုလုံး၀အပျက်ခံမှာမဟုတ်ဘူး။  နောက်ဆုံးရွေးချယ်စရာကတော့ အခြေစိုက်စခန်းကနေထွက်သွားဖို့ဘဲ။

ယင်ဆုရဲ့အမျိုးမျိုး ပြောင်းလဲနေတဲ့မျက်နှာကြောင့်  ယင်ဆုရဲ့အဖြေကိုစောင့်နေတဲ့လူတွေကပိုပြီးစိုးရိမ်လာကြတယ်။

"ခေါင်းဆောင်" ကျောင်းကျောင်း အသံသေးသေးလေးနဲ့ခေါ်လိုက်တယ်။

ကျောင်းကျောင်းရဲ့အသံကြောင့် ယင်ဆုတွေးနေတာကိုရပ်တန့်လိုက်ပြီး 

"ငါတို့နာရီ၀က်လောက်စောင့်မယ် အဲ့ခါထိမလာသေးရင်  စခန်းကိုပြန်မယ်။ စခန်းရောက်ရင်တော့  ဒီကိစ္စကိုတင်ပြရမှာ ငါစိုးရိမ်တာကအဲ့ခါမင်းတို့ပါ....."  ယင်ဆုစကားကိုဆက်မပြောဘဲရပ်တန့်လိုက်ပြီးလူတိုင်းရဲ့အခြေအနေကိုလှည့်ပတ်ကြည့်လိုက်တယ်။ လူတိုင်းရဲ့မျက်နှာတွေက ခန့်မှန်းလို့မရနိုင်အောင်တည်ငြိမ်နေတာမို့  သူ‌လည်းအခြေအနေကိုမခန့်မှန်းနိုင်တော့ဘူး။

You've reached the end of published parts.

⏰ Last updated: Apr 16, 2022 ⏰

Add this story to your Library to get notified about new parts!

Zombie အဖြစ်ကူးပြောင်းလာသောMc(zombie အဖြစ်ကူးပြောင်းလာသောmc)Where stories live. Discover now