(5)

1.6K 294 4
                                    

သူကအသန်ကြိုက်တဲ့ရောဂါရှိတဲ့လူဖြစ်တော့အဲ့ကျောက်တုံးတွေကိုဆေးရင်းသူရေပြန်ချိုးလိုက်တယ်။ရေချိုးပြီတော့ဗိုက်ပြန်ဆာလာလို့  အအေးခန်းထဲအသားတစ်တုံးယူလိုက်ကာဒီတိုင်းစားလိုက်ပြီး လက်ဆေးကာ ကုတင်ပေါ်မှာ ကြာပန်းကျင့်ကြံထိုင်  ထိုင်လိုက်တယ်။ပြီတော့ခုနက သူယူလာခဲ့တဲ့ကျောက်တုံးတွေကို ယူလိုက်ပြီး ကျောက်တုံးကို ဘယ်လို့သုံးရမလဲစဉ်းစားနေတုန်း သူ့လက်ကပူလာတာကိုသူခံစားလိုက်ရတယ်။ဒီအပူကသူ့အတွက်တော့ဘာမှမဟုတ်ပေ ပူရုံလောက်သာဖြစ်တယ်။
ပထမတော့လက်သာပူလာသော်လည်းနောက်တစ်ကိုယ်လုံးပူထူလာပြီး ခန္ဓာကိုယ်ထဲမှာနွေးထွေးတဲ့စွမ်းအင်စီးကြောင်းကိုသူခံစားမိလိုက်တယ်
"ဒီစွမ်းအင်ပဲဟုတ်တယ် "သူအချိန်မဆွဲတော့ပဲ သူ့ရဲ့သစ်သားစိတ်ဝိညာဉ်သွေးကြော(ပင်မသွေးကြောလို့သုံးပါမယ်)ထဲကိုစုပ်ယူလိုက်တယ်။ခနကြာပြီးတော့နွေးထွေးတဲ့စွမ်းအင်စီးကြောင်းကပျောက်သွားတော့တယ်။အဖြူ‌ ရောင်ကျောက်တုံးက အမှုန့်အဖြစ်သို့ပြောင်းလဲသွားတယ်။

'ဒီအဖြူ‌ရောင်ကျောက်တုံးလေးကငါတစ်နာရီကျင့်ကြံတာလောက်အကျိုးရှိတာပဲ'

သူချက်ချင်းကျန်တဲ့ကျောက်တုံးတွေအကုန်လုံးကိုတစ်ခါတည်းလက်ထဲကိုထည့်လိုက်ကာ ထပ်ပြီး ပင်မသွေးကြောထဲစုပ်ယူလိုက်တယ်။ ခနပဲစုပ်ယူလိုက်ရတယ် အဲ့ကျောက်တုံးတွေကဖုန်မှုန့်အဖြစ်ပြောင်းလဲသွားတယ်။

'အိုး ၂နာရီကျင့်ကြံမှုလောက်ပဲရတယ် ။ဒီအကြည်ရောင်တွေက ဟိုအဖြူ‌ရောင်လောက် စွမ်းအင်သိပ်မရှိတာထင်တယ်။နောက်အဖြူရောင်ကိုပိုရှာရမယ်။ အခုတော့ဒီလောက်က သွေးကြောတွေကိုဆက်ပြီးသန့်စင်ဖို့လုံလောက်တယ်'

သူစိတ်ကိုသေချာစုစည်းပြီး အရေးကြီးတဲ့သွေးကြောတွေကိုစတင်သန့်စင်ဖို့လုပ်ခဲ့တယ်။ပင်မသွေကြောကစုပ်ယူထားတဲ့စွမ်းအင်တွေကို သွေးကြောတွေဆီကို ပို့ပေးဖို့လုပ်လိုက်‌ပေမဲ့စွမ်းအင်က သွေးကြောတွေဆီကိုမသွားပဲ သူ့‌ ခေါင်းဆီသို့ ဦးတည်သွားခဲ့တယ်။စွမ်းအင်က သူနဖူးကိုရောက်လာတော့ သူ့ခေါင်းတစ်ခုလုံးပေါက်ကွဲမတတ်ဖြစ်သွားခဲ့ပြီးသူလည်းမေ့မြောသွားခဲ့တယ်။
သူမေ့မြောသွားတဲ့အချိန်သူနှဖူးမှာ ခဲရောင်ကျောက်တုံးလေးတစ်တုံးပေါ်လာပြီး အသက်ရှိနေသလို့ အလင်းရောင်တွေထုတ်လွှတ်ပြီးနှဖူးထဲကိုပြန်၀င်သွားခဲ့သည်။

Zombie အဖြစ်ကူးပြောင်းလာသောMc(zombie အဖြစ်ကူးပြောင်းလာသောmc)Where stories live. Discover now