(28)

1.3K 232 16
                                    

တစ်ဖက်မှာလည်း ရှောင်မိုဟာ သူရဲ့နေရာလွတ်ထဲမှာ‌ရှိတဲ့သစ်ပင်ရဲ့ အတွင်းပိုင်းထဲမှာ မေ့‌မြောနေတယ်။သူမေ့မြော‌ နေတဲ့အချိန်မှာသူ့ ခန္ဓာကိုယ်ကိုသစ်ပင်ထဲမှာရှိနေတဲ့အရည်တွေကဖြည်းဖြည်းချင်းပြန်လည်ကုစားပေးနေတယ်။အရင်ကခန္ဓာကိုတစ်လျောက်မှာပုပ်ပွပြီး အသားတွေမရှိတော့တဲ့နေရာမှာအသားတွေ အကောင်းအတိုင်းပြန်ဖြစ်ပေါ်လာတဲ့အပြင် ခန္ဓာကိုယ်အနှံမှာရှိခဲ့တဲ့ ခရမ်းပုပ်ရောင်သွေးကြောတွေကလည်း အရင်မရှိခဲ့တဲ့အတိုင်း ပျောက်ကွယ်သွားသည်။

အရင်က မည်းနက်ကာ အပြင်ကိုချွန်ထွက်နေတဲ့ လက်သည်းတွေကလည်း အထဲကိုပြန်၀င်သွားပြီး ဘာမှမဖြစ်ခဲ့တဲ့ပကတိအကောင်းအတိုင်းပြန်ဖြစ်သွားခဲ့သည်။ သစ်ပင်ထဲမှာရှိတဲ့အရည်တွေကုန်ခမ်းသွားပြီးတဲ့နောက်မှာရှောင်မိုတဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာ ပုံမှန်လူသားတစ်ယောက်ရဲ့အသွင်အပြင်အတိုင်းကိုဖြစ်ပေါ်သွားခဲ့ပြီဖြစ်သည်။ သစ်ပင်ရဲ့ကုစားမှုခံထားရတဲ့ရှောင်မိုဟာ အခုချိန်မှာ ဘယ်လိုကြည့်ကြည့်ဇွန်ဘီတစ်ယောက်ရဲ့သွင်ပြင်လက္ခဏာမျိုးလုံး၀မရှိတော့ပေ။ သူကိုမြင်လိုက်ရတဲ့လူတိုင်းက ရှောင်မိုကို ဇွန်ဘီလို့မထင်ဘဲလူသားတစ်ဦးလို့သာထင်မှတ်မှာဖြစ်တယ်။

လုံး၀ကုစားမှုပြီးသွားတဲ့နောက်မှာရှောင်မိုဟာသစ်ပင်ရဲ့အပြင်ဘက်ကိုဆွဲထုတ်ခံလိုက်ရရုံတင်မကနေရာလွတ်ထဲကနေပါအပြင်ကို ကန်ထုတ်ခံလိုက်ရသည်။(🤣🤣)

              ........................................................

ကပ်ရောဂါကြီးဖြစ်ပျက်ပြီးလေးနှစ်အကြာမှာ တစ်နိုင်ငံလုံးအခြေစိုက်စခန်း ကြီး၃ခုသာကျန်ရှိတော့သည်။ဒီလေးနှစ်အတွင်းမှာ အသေးစားအခြေစိုက်စခန်းများနဲ့အလယ်အလတ်အခြေစိုက်စခန်းများဟာ ဇွန်ဘီတွေနဲ့ သန္ဓေပြောင်းတွေကြောင့် ပျက်စီးခဲ့ရပြီး လူသားတော်တော်များများဟာလည်းသေကြေပျက်စီးခဲ့ရသည်။ရှင်သန်ကျန်ရစ်တဲ့ လူတွေကဇွန်ဘီနဲ့သ‌န္ဓ‌ ပြောင်းတွေရဲ့အန္တရာယ်ကနေရှောင်ရှားဖို့ စုပေါင်းပြီးအခြေစိုက်စခန်းကြီးတွေကို တည်ထောင်လိုက်ကြသည်။

Zombie အဖြစ်ကူးပြောင်းလာသောMc(zombie အဖြစ်ကူးပြောင်းလာသောmc)Where stories live. Discover now