12

1.5K 281 5
                                    

"ရွှီးးး ရွှီးးးး"
သူအနောက်ကိုအသာလေးကပ်ရှောင်လိုက်တယ်။သူကြည့်
လိုက်တော့မြွေတစ်ကောင်ဖြစ်နေတယ်။

'အိုးးးရှစ်းးးးးးကြီးလိုက်တဲ့မြွေကြီးပါလား ဒီကောင်ကသုံး‌၊‌ လေး၊ငါးရက်လောက်စားလို့ရတယ်

ကြည့်ရတာဒီမြွေကရေထဲမှာပုန်းအောင်းနေပြီ သားကောင်‌ေရာက်လာတာနဲ့ဖမ်းစားတာဖြစ်မယ်။မွေးမြူရေးခြံထဲမှာဘာမှမရှိတော့တာဒီကောင်နဲ့လက်ချက်ဖြစ်ပုံရတယ်။

သူကို့အမြီးနဲ့လှမ်းရိုက်တဲ့အတွက် ဘေးကိုလှိမ့်ပြီးရှောင်လိုက်တယ်။ သူရှောင်လိုက်တဲ့နေရာကို မြွေက လှမ်းပေါက်လိုက်တယ် ။ဒါကြောင့် သူရှေ့ကခုခံမလိုနဲ့ အယောင်ပြလိုက်ပြီးရမ်းနီးလာတဲ့အခါ ကိုယ်ကိုဘေးကို မြန်မြန်ရှောင်လိုက်တယ်။ရှောင်ပြီးတာနဲ့ ကိုယ်ကိုတစ်ပတ်လှည့်လိုက်ကာမြွေရဲ့ နောက်ဘက်မှာ‌ နေရာယူလိုက်ပြီး မြွေကိုသူခန္ဓာကိုယ်နဲ့ဖိလိုက်တယ်။
မြွေခေါင်းကို သူလက်သည်းတစ်ချက်ထိုးလိုက်ပေမယ့်မြွေကမသေသေးတဲ့အပြင်သူ့ကိုအတင်းခါချနေတယ်။ဒါကြောင့်
မြွေရဲ့ ခေါင်းနားတစ်ဝိုင်းကို သူလက်သည်းတွေနဲ့ထပ်ပြီးအချက်ပေါင်းများစွာထိုးပစ်လိုက်တယ်။သူ အချက်ပေါင်းမြောက်များစွာထိုးနေတာတောင်မှမြွေကသူ့ရဲ့ခန္ဓာကိုယ်ကို‌ ခွေထားပြီးခုခံနေတုန်းဘဲ။ဒါပေမယ့်ဒီကောင်သေသွားပြီဆိုတာကိုသူသိနေတယ်။ သူထပ်ပြီ မသတ်တော့ဘဲ မြွေရဲ့ခေါင်းကိုခြွေမွပစ်လိုက်တော့ ကျောက်တုံးသေးသေးလေးတစ်တုံးထပ်ရပြန်တယ်။သူအလျင်အမြန်စုပ်ယူပစ်လိုက်ပြီးသူရဲ့ပင်မသွေးကြောထဲမှာသိုလှောင်လိုက်တယ်။

အရမ်းကိုချိုအိပြီးမွှေးနေတဲ့အနံတစ်ခုကိုသူရလိုက်လို့ အနံ့ခံကြည့်လိုက်တော့သူရှေ့ကမြွေဆီကသွေးတွေဖြစ်နေတယ်။အရမ်းကိုလက်ဆက်ပြီးများပြားတဲ့အတွက်ကြောင့် သူဟိုနေ့ကစားခဲ့တဲ့ ကြွက်ထပ်တောင်အရသာပိုရှိနေပုံပေါ်တယ်။

သူအဲ့သွေးတွေကို အိုးတစ်ခုနဲ့ခံလိုက်ပြီး တစ်ငုံလောက်သောက်ကြည့်လိုက်တယ်။
'ကောင်းလိုက်တဲ့အရသာ '
သူအိုးနဲ့အပြည့်ရှိတဲ့‌ သွေးတွေအကုန်လုံးကိုသောက်ပစ်လိုက်တော့ ဗိုက်ဆာနေတာအတော်သက်သာသွားသလိုခံစားလိုက်ရတယ်။ မြွေရဲ့‌ သွေးနံကအခြားအကောင်တွေကိုဆွဲ‌ ဆောင်မိမှာဆိုးလို့နေရာလွတ်ထဲကိုထည့်လိုက်ပြီး မြွေကို အမဲဖြတ်ဖို့လုပ်လိုက်တယ်။

Zombie အဖြစ်ကူးပြောင်းလာသောMc(zombie အဖြစ်ကူးပြောင်းလာသောmc)Where stories live. Discover now