(30)

1.3K 241 8
                                    


"သိလားဆိုတော့ သိတယ်ဘဲပြောရမှာပေါ့  အကိုရမ်းဆေးမှတ်မိသေးလား လွန်ခဲ့တဲ့ ၄နှစ်ကျော်က ဘောစ့်ရှာခိုင်းတဲ့တစ်ယောက်လေ အဲ့တာ"

တံခါးကိုမှီပြီးမတ်တပ်ရပ်နေတဲ့ ရမ်ဆေးက ကြမ်းပြင်ပေါ်မှာလှဲနေတဲ့သူကိုကြည့်လိုက်ပြီး

"အဲ့တာ သူလို့ပြောချင်တာလား"

"အွန်းအွန်း " ကျောင်းကျောင်းကြက်အစာကောက်သလို ခေါင်း ငြိမ့်ပြလိုက်သည်။

"ဒါဆိုရင် သူကိုကားပေါ်အရင်သွားတင်ကြရအောင် ပြီးရင် ငါတို့ဘောစ့်ကိုဆက်သွယ်ရမယ်" ရမ်းဆေးပြောရင်းဆိုရင်းလှဲနေတဲ့လူကိုကောက်ပွေ့လိုက်သည်။

ယင်ဆုနဲ့ မာဖီတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း

"‌နင် တို့နှစ်ယောက်လုံးသူ့ကိုသိကြတာလား နင်တို့ပြောနေတဲ့ဘောစ့်က အကြီးအမှူးကိုပြောတာ လားဒါဆိုနင်တို့နှစ်ယောက်က "

"ဟုတ်တယ် ကျနော်တို့က ဘောစ့်ကျန်းရဲ့ အဖွဲ့သားတွေဘဲ"

"ဒါဆိုဒီကောင်လေးက " ယင်ဆုမနေနိုင်စွာနဲ့ထပ်မေးမိလိုက်သည်။

အပြင်ထက်ဖို့လုပ်နေတဲ့ရမ်းဆေးက ရပ်လိုက်ပြီး
"ကားပေါ်ရောက်မှဆက်ပြောကြမယ် အခုသွားရအောင်မြန်မြန်"

ယင်ဆုနဲ့ မာဖိသိချင်စိတ်ကိုမြိုသိပ်လိုက်ပြီးရင်ဆေးရဲ့နောက်ကနေမြန်မြန်ကပ်လိုက်သွားလိုက်ကြသည်။

ကားပေါ်ကိုရောက်တဲ့အချိန်မှာ ယင်ဆုနဲ့မာဖီကကျောင်းကျောင်းကိုဆွဲထားပြီးအမှုစစ်တော့မယ့်ပြုလုပ်လိုက်တာကြောင့်

"ကျနော်ကို လာမမေးနဲ့ ကျနော်ပြောလို့မရဘူး အကိုရမ်းဆေးကိုသာမေးကြည့်ဗျာ"
ကျောင်းကျောင်းအကြောက်အကန်ငြင်းနေတာကြောင့် လွှတ်ပေးလိုက်ပြီးရမ်းဆေးရဲ့အပြောကိုစောင့်နေလိုက်ကြသည်။

ရမ်ဆေးကားအလယ်မှာရှိတဲ့ ခုံပေါ် ကောင်လေးကိုတင်ပြီး အနောက်ကိုလှည့်လိုက်တဲ့အချိန် သူ့ကိုစိုက်ကြည့်နေတဲ့နှစ်ယောက်ကြောင့် သက်ပြင်းတစ်ချက်ချလိုက်ပြီး

"မင်းတို့လည်းအနည်းနဲ့အများတော့သိကြတာဘဲ ဒါကလျှိုဝှက်ချက်တစ်ခုမှမဟုတ်တာ"

Zombie အဖြစ်ကူးပြောင်းလာသောMc(zombie အဖြစ်ကူးပြောင်းလာသောmc)Where stories live. Discover now