(38)

1.5K 259 15
                                    


"ငါတို့ အခုချိန်ထိဒီနေရာမှာဘဲထိုင်စောင့်နေကြရမှာလား"

"သည်းခံပြီးစောင့်အုံးအခုချိန်လောက်ဆို သူတို့တွေအဲ့ဇွန်ဘီနဲ့တိုက်ခိုက်နေလောက်ပြီဟ "

"ငါကအခြေအနေကိုသိချင်လိုပါ"

"သူတို့တွေ အားကုန်ပြီးပင်ပန်းသွားတဲ့အချိန်လောက်ဆို ငါတို့ အဲ့ဇွန်ဘီကို သက်သက်သာသာနဲ့သတ်နိုင်လောက်ပြီ"

"အကယ်၍ အဲ့ဇွန်ဘီက အဆင့်မြှင့်သွားရင်ဘယ်လိုလုပ်မလဲ"

"ဘာတွေဆိုးရိမ်နေတာလဲ ငါတို့အဖွဲ့မှာ အဆင့်၇နှစ်ယောက်တောင်ပါတာဘဲကို" ပြောလိုက်တဲ့လူက အဝေးမှာထိုင်နေတဲ့လူနှစ်ယောက်ကိုမနာလိုအားကျတဲ့မျက်၀န်းတွေနဲ့ကြည့်လိုက်တယ်။

နှစ်ယောက်ထဲကတစ်ယောက်ရဲ့မျက်လုံးတွေကသူတို့ဖက်ကို ခနရောက်လာပြီး ဘာမှမဟုတ်သလိုသူအကြည့်ကိုပြန်ရုတ်သိမ်းသွားပေမယ့် သူမျက်လုံးထဲမှာအထင်သေးနေတဲ့အကြည့်တွေပါနေတာကိုသေချာကြည့်ရင်သိနိုင်ပါတယ်။တစ်ခနလေးသာဖြတ်ပြေးသွားပေမယ်ပေါ့။

သူတို့နှစ်ယောက်ရဲ့ဒီနေ့လုပ်ရမယ့်မစ်ရှင်က ကားပေါ်မှာပါလာတဲ့ အဆင့်မြှင့်တဲ့လူအချို့နဲ့အလားအလားရှိတဲ့လူတွေကို မတော်တဆဖြစ်ပျက်မှုမျိုးနဲ့သတ်ပစ်ရမှာဖြစ်တယ်။ အရေးကြီးဆုံးကတော့ ဒီ‌ကားပေါ်မှာပါလာတဲ့ အကြီးအကဲ ကျန်းရဲ့ အဖွဲ့သားတွေဘဲ။ ဒီလူတွေကသူတို့ရဲ့အဓိကပစ်မှတ်ဖြစ်တယ်။

အဲ့လို သတ်ပစ်ရမယ့်အထဲမှာသူတို့အဖွဲ့ကိုလက်အောက်ခံမယ့်သူမပါဘူးပေါ့။ သူတို့အဖွဲ့ကအားနည်းတဲ့လူတွေကို အလိုမရှိပါဘူး။အားနည်းတဲ့လူတွေက ဒီလိုအချိန်မှာအသက်မရှင်သင့်ဘူး။ ဘာကြောင့်အားနည်းတဲ့လူတွေကအသက်ရှင်နေရမှာလဲ။ဒီလူ‌တွေအတွက် အစားအသောက်တွေကိုမဖြုန်းတီးသင့်ဘူး။သူတို့တွေမရှိသင့်ဘူး။

သူတို့ရဲ့အကြီးအကဲက ဒီလိုသာမာန်လူတွေနဲ့အားနည်းတဲ့လူတွေကိုသတ်ဖြတ်ပစ်ချင်ပေမယ့် ကျန်တဲ့အကြီးအကဲနှစ်ယောက်ကခွင့်မပြုခဲ့ပါ။ဒါကြောင့်သူတို့အကြီးအကဲက စခန်းထဲမှာရှိတဲ့ အားနည်းတဲ့လူတွေပပျောက်သွားစေဖို့ဒီလိုနည်းလမ်းကိုအသုံးပြုခဲ့တာဖြစ်တယ်။ဒီကမ္ဘာကြီးမှာအင်အားကြီးသူတွေသာရှင်သန်နိုင်မယ်။

Zombie အဖြစ်ကူးပြောင်းလာသောMc(zombie အဖြစ်ကူးပြောင်းလာသောmc)Where stories live. Discover now