(8)

1.5K 281 8
                                    

သူရေချိုးပြီးတာနဲ့ အဲ့ကျောက်တုံးကစွမ်းအင်တွေကိုစုပ်ယူပြီးဦးနှောက်ဆီက နေရာလွတ်ကိုပေးပို့ပေးလိုက်တော့အဲ့နေရာလွတ်ကမီးခိုးရောင်ကျောက်တုံးကိုအမှုန့်ဖြစ်အောင်စုပ်ယူလိုက်တယ်။ သူအဲ့လိုလုပ်နေတဲ့အချိန်မှာ အပြင်ဘက်ကနေဇွန်ဘီတွေရဲ့‌ အော်သံကိုသူကြားလိုက်ရတယ်။

သူချက်ချင်းနားစွန့်လိုက်ပြီးအပြင်ကအသံကိုနားထောင်ကြည့်လိုက်တော့ သေနတ်သံတွေကိုသူထပ်ကြားလိုက်ရတယ် ။အဲ့အသံတွေကသူအိမ်နဲ့ပိုနီးလာသလိုခံစားလိုက်ရပြီး သူလေထဲကိုအနံ့ခံလိုက်တော့အရမ်းကို ချိုအီပြီးမွှေးပျံတဲ့အနံ့တွေကိုရလိုက်တယ် ။သူကိုယ်သူတောင်မထိန်းချုပ်နိုင်တော့သလိုပဲ။သူခေါင်းထဲမှာလည်း'ဗိုက်ဆာတယ် ဗိုက်ဆာတယ်'
ဆိုတဲ့အတွေးတွေကပဲ နေရာယူထားတယ်။

သူသူ့မျက်နှာကိုသူရေထဲနှစ်လိုက်ရင်း ကိုယ်ဟာကို ကိုယ်ထိန်းချုပ်လိုက်တယ်။
'လူသားတွေကဒီကိုဘာလာလုပ်တာပါလိမ့် ဟိုဇွန်ဘီကြောင့်များဖြစ်နိုင်မလား။ ဟိုဇွန်ဘီကြောင့်လာတာဆိုရင်တော့ ဟိုဇွန်ဘီရဲ့ ကျောက်တုံးကိုယူမလိုဖြစ်နိုင်တယ်။အခုအဲ့ဇွန်ဘီကိုငါကသတ်လိုက်ပြီဆိုတော့သူတို့ကငါရဲ့ခေါင်းကိုဖောက်ပြီးကျောက်တုံးကိုယူနိုင်တယ် ။မဖြစ်ဘူးအခုချက်ချင်းဒီအခန်းထဲကပစ္စည်းတွေကို ထုတ်ပိုးမှဖြစ်တော့မယ်။ဘာဘဲဖြစ်ဖြစ်ငါဒီကနေထွက်သွားတော့မှာပဲလေ။ငါအပြင်ထွက်ပြီးအစာရှာရအုံးမယ်။ တိုက်ပွဲဖြစ်ထားတဲ့လက္ခဏာလည်းရှိထားတော့ ငါ့ဘက်ကိုရောက်လာနိုင်တယ်။'
ချက်ချင်းပဲသူမြေအောက်ခန်းထဲမှာရှိတဲ့ သူလိုအပ်မယ်ထင်တဲ့ပစ္စည်းတွေကို စတင်ထုတ်ပိုးတော့တယ်။
' ငါကအသန့်ကြိုက်တဲ့လူဆိုတော့အဓိကလိုအပ်တာအ၀တ်တွေပဲ ။‌ဒီဘီဒိုကြီးတစ်ခုလုံးကိုငါဘယ်လိုသယ်သွားမလဲ ။နေရာလွတ်ထဲများသိမ်းနိုင်မလား။ ငါအရင်ဘ၀တုန်းကတော့သိုလှောင်အိပ်ထဲကိုသိမ်းနေကျဘဲ ဒီနှစ်ခုကတူတူပဲဆိုတော့စမ်းကြည့်ရမယ်'

သူအ၀တ်ဘီဒိုကိုကိုင်ပြီး 'သိမ်း'လို့အော်လိုက်တော့ ဘီဒိုကမရှိတော့ဘူး။နေရာလွတ်ထဲ‌ ရောက်သွားတာများလား။ '၀င်' သူနေရာလွတ်ထဲ၀င်ကြည့်လိုက်တော့အဲ့ဘီဒိုက လယ်ကွင်းထဲမှာရှိနေခဲ့တယ်။'ဟုတ်ပြီး ဒီကောင်ကသိုလှောင်အိတ်လို့မျိုးရတာပဲဟ ထွက်' သူမြန်မြန်ပြန်ထွက်လာပြီး အခန်းထဲမှာရှိသမျှ ကုတင်၊စောင်တွေနဲ့ အခြားပစ္စည်းထည့်တဲ့ဘီဒို ကြီးတစ်ခုရယ်သိမ်းလိုက်ပြီး မီးဖိုခန်းထဲကိုသွားကာ အိုး၊ ပန်ကန် ၊ဇွန်း
ဓား၊ရှိသမျှအစုံသိမ်းလိုက်တယ်၊ပြီးတော့စတို ခန်းထဲက ဆန်အိတ်တွေ၊ဘီစကစ်တွေ ၊ခေါက်ဆွဲခြောက်၊စည်သွပ်ဘူး၊ရေဘူး‌ကြီးတွေ၊ မုန့်တွေကလည်းအစုံဘဲ၊ဒါတွေက အကုန်ဒိတ်လွန်ကုန်ပေမယ့် စားလို့တော့ရသေးတယ်။သူမစားပေမယ်လိုအပ်တဲ့လူတွေအတွက် သူအကုန်ယူခဲ့တာဖြစ်တယ်။သူ့အဖိုးကအမြဲတမ်း စားသောက်ကုန်တွေကိုသိုလှောင်ထားတတ်တဲ့အကျင့်ရှိတယ်။သူကိုလည်းအမြဲ ဒီလိုလုပ်ခိုင်းခဲ့တာ။
ဒါတွေက သူကျောင်းမတတ်ခင်၃ရက်အလိုက၀ယ်ထားတာဖြစ်တယ်။ သူရေချိုးခန်းထဲပြေးပြီးတော့ ဆပ်ပြာတွေနဲ့ ရေချိုး တဲ့ပုံးကိုပါသိမ်းလိုက်တယ်။ သူဘာသိမ်းရမလဲကြည့်နေတုန်း အပေါ်ကစတိုးခန်းကနေအသံကြားလိုက်လို့ မြေအောက်လျှိုဝှက်လမ်း‌ ကြောင်းတံခါးကိုဖွင့်ပြီး၀င်လိုက်တယ် ။သူမြေအောက် လျှိုဝှက်လမ်းကြောင်းထဲကိုရောက်သွားတော့ မှောင်မဲနေတယ်။သူကအမှောင်ထဲမှာကျင့်သားရနေတော့ အတော်အဆင်ပြေတယ်။ သူဘေးပတ်၀န်းကျင်ကိုကြည့်လိုက်တော့ဘာမှမတွေ့ရဘူး ဒါကြောင့် ထွက်ပေါက်ဆီ‌ကိုသူလမ်းလျှောက်သွားလိုက်တယ်။ဒီလမ်းရဲ့ထွက်ပေါက်ကမြို့ပြင်မှာရှိတဲ့တောအုပ်ထဲကသစ်ပင်တစ်ခုရဲ့
အောက်မှာရှိတာဖြစ်တယ်။ သူအမြန်ပြေးသွားလိုက်တယ်။
သူပြေးနေတဲ့အရှိန်ကအရမ်းကိုမြန်နေလို့လေတိုက်သွားသလိုဘဲဖြစ်နေတယ်။သူပြေးရင်းနဲ့ အရင်ဘ၀ကကိုယ်ဖော့သိုင်းကိုစသုံးတတ်တဲ့အချိန်ကိုပြန်သတိရမိတယ်။
'ဒုန်း'
သူအတိတ်ကိုသတိရမိနေတော့ သူရှေ့က လမ်းဆုံးသွားတာကိုမမြင်ဘဲ‌ မြေနံရံကို၀င်တိုက်မိသွားတယ်။ သူသတိထားမိတော့ သူရဲ့ခန္ဓာကိုယ်ကိုမြေနံရံထဲနှစ်၀င်နေလို့မနည်းပြန်ထွက်လိုက်ရတယ်။

Zombie အဖြစ်ကူးပြောင်းလာသောMc(zombie အဖြစ်ကူးပြောင်းလာသောmc)Where stories live. Discover now