(21)

1.5K 287 15
                                    

ရှောင်မိုသူရဲ့အနားကိုဝိုင်းအုံလာတဲ့ လူတွေက ရုတ်တရက်အနောက်ကိုဆုတ်သွားကြပြီး တစ်စုံတစ်ခုကိုတိုးတိုးတိတ်တိတ်‌ေပြာဆိုနေပုံရတယ်။

'ကြည့်ရတာ ငါကအရမ်းထူးဆန်းနေလို့ ငါကိုဘယ်လိုဖမ်းရမလဲဆိုပြီးတိုင်ပင်နေကြတာလား' ရှောင်မိုသူ့ရဲ့ရှေ့မှာထိုင်နေတဲ့သူကို တစ်ချက်ကြည့်လိုက်ပေမယ့် အဲ့လူကသူကိုအန္တရာယ်ပေးမယ့်ပုံစံရှိမနေဘဲသူ့ကိုထူးဆန်တဲ့အပြုံးနဲ့စိုက်ကြည့်နေတာသာဖြစ်တယ်။ အဲ့ထူးဆန်းတဲ့အပြုံးကကောက်ကျစ်နေတဲ့အပြုံးလည်းမဟုတ်တဲ့အတွက်သူမစဉ်းစားတတ်တော့ဘူး။

'ထူးဆန်း‌လိုက်တာ ဒီလူကတော်ထူးဆန်းတဲ့လူဘဲ '

ကျန်းဇီသူကိုဇွန်ဘီလေးကကြည့်နေတာကြောင့်တစ်ချက်ပြုံးပြလိုက်ပေမယ့် ဇွန်ဘီလေးကသူ့ကိုလူထူးဆန်းလို့သတ်မှတ်သွားတာကြောင့်သူနည်းနည်းအံ့ဩသွားတယ်။

'ငါကသူရင်ခုန်သွား‌ အောင်ဆိုပြီး စမတ်ကျကျနဲ့‌ပြုံးပြခဲ့တာလေ အဲ့တာကို ကလေးဆိုးလေးက ငါ့ကိုလူထူးဆန်းလို့သတ်မှတ်လိုက်တာလား ဒီဇွန်ဘီသေးသေးလေးကတော့ကွာ'

သူစိတ်ထဲမှာအဲ့ဇွန်ဘီလေးကိုထိချင်စိတ်ဖြစ်လာတာကြောင့် သူထိဖို့လက်လှမ်းလိုက်ပေမဲ့ ဇွန်ဘီလေးကလန့်ပြီးအနောက်ကို ဆုတ်သွားတာကြောင့် သူဇွန်ဘီကိုမထိလိုက်ရဘူး။ဒါကြောင့်သူအရှက်ပြေချောင်းတစ်ချက်ဆိုးလိုက်ပြီး

"ကိုက မင်းကိုထိကြည့်ချင်ယုံပါ ဘာမှမလုပ်ပါဘူး "

'ဒီလူက ငါ့ကိုထိပြီးဘာလုပ်မလို့လဲ ဧကန် ဇွန်ဘီကိုတောင်အလွတ်မပေးတဲ့နှာဘူးကောင်လား '

သူက ရိုးရိုးသားသားနဲ့ထိကြည့်ချင်ရုံသာဖြစ်ပေမယ့် ဇွန်ဘီလေးကသူ့ကိုနှာဘူးလို ထင်သွားခဲ့တဲ့အတွက်ကြောင့် ကျန်းဇီတော်တော်အကျပ်ရိုက်သွားတဲ့အတွက်ဖြေရှင်းချက်မြန်မြန်ထုတ်ပေးဖို့ပြင်လိုက်တယ်။

"ကိုကမင်းထင်နေသလိုမျိုးမဟုတ်ပါဘူး မင်းဆံပင်မှာအမှိုက်ကပ်နေလို့ဖယ်ပေးမလို့ပါ"

' အော် အမှိုက် ကပ်နေလို့ကို ကျေးဇူးပါ ကိုယ့်ဘာသာဘဲဖယ်လိုက်ပါမယ်'

Zombie အဖြစ်ကူးပြောင်းလာသောMc(zombie အဖြစ်ကူးပြောင်းလာသောmc)Where stories live. Discover now