(11)

1.5K 278 4
                                    

ခွေးကသူရှိနေတဲ့အပင်ပေါ်ကိုခုန်တတ်လာပြီးသူကိုထပ်ခုန်အုပ်လာခဲ့တယ်။ဒီတစ်ခေါက်တော့သူမရှောင်တော့ပဲထိပ်တိုက်ရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်တယ်။အမှန်ဆိုရင် သူရဲ့နေရာလွတ်ထဲကိုသူ၀င်နေလို့ရတယ်။ခွေးမရှိတော့တဲ့အချိန်မှပြန်ထွက်လာလို့ရပေမဲ့ဒီဇွန်ဘီနဲ့တူတဲ့ခွေးမှာ သူကြိုက်တဲ့ကျောက်တုံးလေးရှိနေပုံပဲ။

ခွေးကသူ့ရဲ့ခေါင်းကိုကိုက်ဖြတ်ချင်တဲ့ပုံပဲ ခွေးရဲ့ပါးစပ်သူခေါင်းနဲ့နီးလာတဲ့အချိန်မှာ ခေါင်းကို ဘေးနည်းနည်းစောင်းလိုက်ပြီး ခွေးရဲ့မေးအောက်ကို လက်သည်းနဲ့ထိုးဖောက်လိုက်တယ်။သူ့လက်သည်းက ခွေးရဲ့အ‌ ရှေ့လည်ပင်းအောက်ကနေ အနောက်ထိထိုးဖောက်သွားတယ်။ခွေးကတစ်ဖြည်းဖြည်းနဲ့ ငြိမ်ကျသွားတယ်။သူ့ရဲ့လက်သည်းကိုပြန်ဆွဲယူလိုက်တော့ ခွေးရဲ့ကိုယ်ထည်က အောက်ကို‌ပြုတ်ကျသွားပြီး ခေါင်းကသူ့ရဲ့ ပုံခုံးပေါ်မှာကျန်ခဲ့တယ်။ခွေးကသူ့ခေါင်းကို မကိုက်မိပေမဲ့ သူ့ရဲ့ပုခုံးကိုကိုက်ခဲထားတယ်။
' ဝေါ့ သေစမ်း ရွံစရာကြီး သူ့အနံ့ကတော်တော်ဆိုးတာပဲ '
ခွေးဇွန်ဘီရဲ့အနံ့ဆိုးတဲ့အပုပ်ရည်တွေကသူ့ကိုယ်ပေါ်ကိုစီးကျလာလို့ သူ့ရဲ့ပုခုံးပေါ်ကခွေးရဲ့ခေါင်းကိုဆွဲဖယ်လိုက်တယ်။ဒါပေမယ့်ခွေးကသူ့ပုခုံးကိုက်ခဲထားတဲ့အတွက်ကြောင့် ခွေးရဲ့ပါးစပ်ထဲမှာသူ့ပုခုံး‌‌ ပေါ်က အသားတွေပါသွားတယ်။ သူ့ရဲ့ပုခုံးမှာခရမ်း‌ရောင်သွေးတွေစီးကြနေသလိုခွေးပါးစပ်ထဲက သူ့ရဲ့အသားမှာလည်းခရမ်း ရောင်သွေးတွေရှိနေတယ်။ ‌

'ရှီးးးးး ခွေးကောင် ငါ့မှာပုခုံး‌ ပေါ်ကအသားတစ်၀က်လောက်မရှိတော့ဘူး။' သူ‌ သေအောင်စိတ်ဆိုးလွန်းလို့ ‌လက်ထဲမှာရှိတဲ့ခွေးရဲ့ခေါင်းကိုချေမွပစ်လိုက်‌တယ်။သူခွေးခေါင်းကိုချေမွလိုက်ပေမယ့် သူသဘောကျတဲ့ကျောက်တုံးလေးကတော့ မကျေမွသွားဘူး။သူအဲ့ကျောက်တုံးထဲကစွမ်းအင်ကို ပင်မသွေးကြောထဲစုပ်ယူလိုက်တယ်။ စွမ်းအင်စုပ်ယူပြီးသွားတာနဲ့နေရာလွတ်ထဲကို၀င်လိုက်ပြီး ရေချိုးလိုက်တယ်။

ရေချိုးပြီးတာနဲ့သူခန္ဓာကိုယ်အနှံ့ကိုပတ်တီးစည်းလိုက်တယ်။
သူ့ပုခုံးက ခွေးကိုက်လို့ရထားတဲ့ဒဏ်ရာကိုကြည့်လိုက်တော့ ခုနကလိုခရမ်းရောင်သွေးတွေထွက်မနေတော့ဘဲ။သွေးတိတ်သွားပြီ။
'ဒီနား ကအသားပြန်ရဖို့ဆိုရင် အရေပြားနဲ့ကြွက်သားသန့်စင်ပြီးတဲ့အချိန်အထိစောင့်ရအုံးမှာပဲ။ စွမ်းအင်များများရရင်တော့တစ်လလောက်ပဲကြာမှာ။ ဒီကပုံစံမျိုးနဲ့ဆိုရင်၂နှစ်သုံးနှစ်လောက်တောင်ကြာမလားပဲ။ နေရာလွတ်ထဲကမြူခိုးတွေနဲ့ဆိုရင်တော့ ၄၊၅လလောက်တော့ကြာမယ်။ဘယ်လိုဘဲဖြစ်ဖြစ် ဒီနည်းကအမြန်ဆုံးဘဲ။မြူတွေကိုကြည့်ရသလောက်တော့ပြန်မထူလာသေးဘူး။ နောက်တစ်နည်းကတော့ ဇွန်ဘီတွေသတ်တာဘဲ ။ဒီပုံစံအတိုင်းဆိုရင်တော့ ဇွန်ဘီများများသတ်ရတော့မယ့်ပုံဘဲ။ အခုဇွန်ဘီတွေသွားသတ်ရမယ်။ထွက်။။။'
သူအပြင်ဘက်ကိုရောက်တော့ ခုနကသစ်ပင်ပေါ်မှာဘဲရှိသေးတယ်။ဒါကြောင့်သူသစ်ပင်ရဲ့ထိပ်ဆုံးကိုတတ်လိုက်ပြီး သူသွားမယ်လမ်းကြောင်းကိုသေချာရွေးချယ်ဖို့လုပ်လိုက်တယ်။သစ်ပင်ရဲ့ထိပ်ကနေကြည့်လိုက်တော့ သူ့ရဲ့အနောက်က လုံး၀တောအုပ်ကြီးပဲ အရှေ့နဲဘယ်ဘက်ဘေးကတော့ အဆောက်အအုံတွေရှိနေတယ်။သူညာဘက်မှာတော့ A city နဲ့C cityကိုဆက်သွယ်ထားတဲ့ လမ်းမကြီးရှိတယ်။လမ်းရဲ့ဘေးနှစ်ဖက်စလုံးမှာ စိုက်ပျိုးရေးခြံတွေနဲ့ ပြည့်နေတယ်။

Zombie အဖြစ်ကူးပြောင်းလာသောMc(zombie အဖြစ်ကူးပြောင်းလာသောmc)Where stories live. Discover now