(20)

1.5K 299 5
                                    

"ငါအဆင်ပြေတယ် မင်းတို့စိုးရိမ်စရာမလိုဘူး ငါပြီးမှရှင်းပြမယ် မင်းတို့အခုနောက်ကိုနည်းနည်းဆုတ်လိုက်အုံး သူမင်းတို့ကိုကြောက်နေတယ်"

"သူ ဘယ်သူလဲ ????" အားလုံးရဲ့ခေါင်းထဲမှာ ?လေးတွေနဲ့ပြည့်သွားတော့တယ်။ဒါကြောင့်ဘေးပတ်၀န်းကျင်ကိုသေချာကြည့်လိုက်ကြတော့မှ သူတို့ကိုထိုင်ပြီးကြည့်နေတဲ့ဇွန်ဘီလေးကိုသွားတွေ့ကြတယ်။သူတို့အားလုံး ထိုင်ခုံမှာထိုင်ပြီးသူတို့ကိုသေချာအကဲခတ်ကြည့်နေတဲ့ဇွန်ဘီလေးကြောင့်  တစ်ယောက်မှစကားမပြောကြဘဲ စွံအနေကြတယ်။

"အဲ့တာဇွန်ဘီလား သူကထိုင်ခုံမှာတောင်ထိုင်နေတယ်" ရန်ရန်ရဲ့စကားကြောင့်ကျန်တဲ့လူတွေက အသိစိတ်ပြန်ကပ်လာကြပြီး ထိုင်ခုံမှာထိုင်နေတဲ့ ဇွန်ဘီလေးနားကိုသွားပြီး ခေါင်းအစခြေအဆုံးအကဲခတ်နေကြတယ်။

"ခေါင်းဆောင်ဒီဇွန်ဘီလေးကအရမ်းထူဆန်းတာဘဲနော် ပုံမှန်ဆိုဇွန်ဘီတွေက လူတွေကိုမြင်တာနဲ့ စားဖို့ခုန်အုပ်နေကြတာမဟုတ်ဘူးလား ပြီတော့ဒီဇွန်ဘီကအခြားဇွန်ဘီ‌ တွေနဲ့မတူဘဲလူတစ်ယောက်ရဲ့အသိဉာဏ်‌ရှိနေ‌သေးသလိုဘဲ " အဖွဲ့ရဲ့အငယ်ဆုံးလေးရှောင်တုန်းက ဇွန်ဘီလေးနားကိုသွားပြီး စပ်စုနေတယ်။သူပုံစံကလုံး၀ကိုကြောက်နေတဲ့ပုံမပေါ်တဲ့အပြင် ဇွန်ဘီလေးကိုကြည့်ပြီပျော်တောင်ပျော်နေသေးတယ်။

အငယ်ဆုံးလေးရဲ့စကားကိုအားလုံးကဝိုင်းပြီ ထောက်ခံလိုက်ကြကာ ခေါင်းဆောင်‌ကြည့်လိုက်ကြပြီ ခေါင်းဆောင်ပြောလာမယ်စကားကို နားစွန့်ပြီးစောင့်နေကြတယ်။

'မင်းအဘိုး ငါလေးက လူမြင်တာနဲ့စားဖို့ခုန်အုပ်နေတဲ့ ဇွန်ဘီမဟုတ်ပါဘူးနော် ပြီတော့ ငါလေးက ဟိုအသိဉာဏ်မရှိတဲ့ဇွန်ဘီတွေနဲ့မတူပါဘူးနော် ဟွန့် '

ကျန်းဇီကတော့ သူ့ရဲ့အဖွဲ့သားတွေရဲ့အ‌ မေးစကားကိုလုံး၀ဂရုမစိုက်နိုင်ပါဘူး။သူဂရုစိုက်တာက‌ သူတို့အဖွဲ့ရဲ့အငယ်ဆုံးလေးရှောင်တုန်းပြောလိုက် တဲ့စကားကို  မကျေမနပ်ဖြစ်ပြီးစိတ်ကောက်နေတဲ့ဇွန်ဘီလေးကိုဘဲ ပြီတော့ဇွန်ဘီလေးရဲ့စိတ်ထဲက‌အတွေးတွေကြောင့်လဲသူပြုံးမိသွားတယ်။

Zombie အဖြစ်ကူးပြောင်းလာသောMc(zombie အဖြစ်ကူးပြောင်းလာသောmc)Where stories live. Discover now