(26)

1.3K 232 8
                                    

တော်တော်ကြာအောင်မေ့မြောသွားပြီးတဲ့နောက်မှာကျန်းဇီတစ်ယောက် နောက်‌ဆုံးတော့နိုးလာခဲ့သည်။သူရဲ့မျက်လုံးဖွင့်လိုက်သောအခါမှာ ရှိသမျှလူအားလုံးရဲ့မျက်နှာကြီးတွေကိုအနီးကပ်တွေ့လိုက်ရတာမို့  သူ ရုတ်တရက်လန့်သွားပေမယ့် သူ့ရဲ့မျက်နှာပေါ်မှာဘာအမူရာမှပေါ်မလာပေ။ကျန်းဇီ ဘေးဘယ်ညာကို ကြည့်ရင်း အေးစက်စက်မျက်နှာသေနဲ့ဘဲထထိုင်လိုက်ပြီး သူ့အဖွဲ့သားတစ်ယောက်ပြီးတစ်ယောက်ကိုလိုက်ကြည့်လိုက်သည်။ တစ်စုံတစ်ခုကိုရှာဖွေနေသည်အလား။

သူ့ရဲ့အကြည့်ကနောက်ဆုံးမှာ မတ်တပ်ရပ်နေတဲ့စမစ်ဆီကို‌ရောက်သွားခဲ့တယ်။စမစ်ဘော့စ်ရဲ့အကြည့်က မေးခွန်းထုတ်နေသလိုဖြစ်နေတာမို့ အကြောင်းအရင်းကိုသူသေချာစဉ်းစားနေလိုက်တယ်။ ဘော့စ်ရဲ့ စမစ်ကိုမေးခွန်းထုတ်နေတဲ့ပုံစံကြောင့်ကျန်တဲ့လူတွေကတစ်ယောက်မျက်နှာကိုတစ်ယောက် ဘာဖြစ်နေတာလဲဆိုတဲ့အမူအရာနဲ့ကြည့်လိုက်ကြသည်။ သူတို့အားလုံးရဲ့မျက်နှာမှာ ငါ့လာမမေးနဲ့ငါလည်းမသိဘူးဆိုတဲ့အမူအရာမျိုးရှိနေကြတယ်။

စမစ် ‌သူ့ဘောစ့်ရဲ့ စိုက်ကြည့်နေမှုကြောင့်ဦးနှောက်ကိုမြန်မြန်အလုပ်ပေးလိုက်သည်။

"ဟုတ်သားဘဲ မေ့နေလိုက်တာကျနော် ပြန်သတိရပြီဘောစ့် "

ခနအကြာမှာ သူတစ်စုံတစ်ခုကိုပြန်အမှတ်ရသွားတာမို့ ဘောစ့်ကိုကြည့်ပြီးပြောလိုက်တယ် ။

"ဘောစ့် ခုနကတွေခဲ့တဲ့ဇွန်ဘီလေးကိုမေးနေတာမလား"
ဟုတ်မဟုတ်အတည်ပြုတဲ့အ‌ေနနဲ့သူမရဲတရဲ‌‌ ဘောစ်ကိုကြည့်ပြီးမေးလိုက်တော့ ဘောစ့်ရဲ့ဆက်ပြောစေချင်နေတဲ့အမူအရာကိုတွေ့လိုက်ရတာမို့ သူဆွံအသွားတယ်။ဘောစ့်ကဇွန်ဘီလေးနဲ့ပတ်သပ်ရင်တကယ်စိတ်၀င်စားတာဘဲ။ ဒါကသူကိုအမှန်တိုင်းပြောပြဖို့တွန့်ဆုတ်စေတယ်။ ဘောစ့်အပါအ၀င် ကျန်တဲ့လူတွေကပါ သူ့ဆီကိုမေးခွန်းထုတ်တဲ့အကြည့်တွေကြည့်လာခဲ့တာမို့ သူအချိန်ထပ်မဆွဲရဲတော့ဘဲ မြန်မြန်ပြောလိုက်ရတော့သည်။

"  အမှန်တော့လေ တစ်စုံတစ်ခုကတွန်းထုတ်လိုက်သလိုမျိုး ဘော့စ်တို့အကုန်လုံးကကျန်တော်နားကို သူ့ဘာသာသူရောက်လာတာပါ။ဘောစ့်တို့အနားကိုရောက်လာတော့ကျနော်လည်း spaceထဲကို ဆွဲသွင်းလိုက်တာ ။ကျနော်ဇွန်ဘီလေးဆီကိုသွားဖို့လုပ်ပေမယ့် သူအနားကိုမကပ်နိုင်ဘဲ ကျနော်လည်းအဝေး တွန်းထုတ်ခံလိုက်ရတယ်။ပြီးတော့ ကျနော်‌ သတိမေ့သွားခဲ့လို့ဘာဆက်ဖြစ်လည်းမသိတော့ဘူး။ ဘောစ့်တွေ့တဲ့အတိုင်းဘဲနိုးလာတော့အကုန်ပြောင်းလဲနေပြီ။ကျနော်တို့လည်းအရင်ကထက်ပိုအစွမ်းထက်လာကြတယ်။"

Zombie အဖြစ်ကူးပြောင်းလာသောMc(zombie အဖြစ်ကူးပြောင်းလာသောmc)Where stories live. Discover now