(32)

1.2K 224 8
                                    

လူနှစ်ယောက်ကကားပေါ်ကိုအရင်တတ်လာပြီး ကျန်တဲ့လူနှစ်ယောက်ဆီက ဒဏ်ရာရထားတဲ့လူကိုဆွဲယူပြီးသက်သောင့်သက်သာဖြစ်အောင်လုပ်ပေးလိုက်သည်။

"တင့်ခ်ငါတို့အခုကားပေါ်ရောက်လာပြီး အဆင်ပြေသွားမှာပါ
သတိထားအုံး မေ့မသွားစေနဲ့ ငါပြောတာကြားလား"
ချန်းလီသူ့လက်မောင်းပေါ်မှာရှိတဲ့ တင့်ခ်ရဲ့မျက်လုံးမှိတ်သွားတာကိုတွေ့လိုက်ရတာမို့ကြောက်လန့်သွားပြီး လှုပ်ခါလိုက်မိသည်။

"F**k.... မေလိုး နာတယ်ဟ -ီး မို့ လှုပ်နေတာလား"
တင့်ခ်ရဲ့မျက်လုံးတွေကပွင့်လာပြီး သူကိုလှုပ်နေတဲ့ချန်းလီကိုကြည့်ပြီး အံ့ကြိတ်ပြောလိုက်သည်။

"မင်းမသေသေးဘူးဘဲ ၀မ်းသာလိုက်တာ" ချန်းလီသူ့ရဲ့မျက်ရည်တွေကိုသုပ်ပြီး ၀မ်းသာအားရပြောလိုက်သည်။

"-ီး ကိုသေရမှာလား ငါမသေခင်မင်းကို လုပ်သွားအုံးမှာ ပါးစပ်ပိတ်လိုက်တော့ ဆူညံမနေနဲ့ အ့ာ" ပြောနေရင်းလှုပ်ရှားလိုက်မိတာကြောင့် သူ့ဒဏ်ရာကသွေးတွေထပ်ထွက်လာခဲ့ပြန်သည်။

ချန်းလီ တင့်ခ်ရဲ့သွေးတွေထပ်ထွက်လာတာကိုတွေ့လိုက်တာမို့ ထပ်ကျလာတဲ့သူ့ရဲ့မျက်ရည်တွေကိုခပ်ကြမ်းကြမ်းသုပ်ပစ်ကာတင့်ခ်ရဲ့ အနာကို သွေးထပ်မထွက်အောင် ဖိပေးလိုက်တယ်။

"မင်းသေလိုမရဘူး မင်းတစ်ယောက်ထဲထွက်သွားလို့မရဘူးမင်းသေရင်ငါပါလိုက်သေမယ်ဆိုတာကိုမင်းမှတ်ထား"

တင့်ခ်သူ့ရဲ့မျက်လုံးတွေကိုဖွင့်လိုက်ရင်း သူ့ရှေ့မှာရှိနေတဲ့ ချစ်ရတဲ့လူကိုကြည့်လိုက်ပြီး ဖွဖွလေးပြုံးပြလိုက်သည်။

ကျောင်းကျောင်းမျက်ရည်တစ်ချက်ခိုးသုတ်လိုက်ပြီး ရှေ့တိုးသွားကာ လူနာရဲ့ ဒဏ်ရာအခြေအနေကိုအာရုံခံကြည့်လိုက်သည်။

"သေစေနိုင်တဲ့နေရာတွေကိုတော့မထိခိုက်သွားဘူး ။သွေးထွက်လွန်နေတာကိုဘဲစိုးရိမ်ရမှာ။ မင်းသေချာလေးဖိပေးထား။ ဒီနေ့ကျနော်တို့အုပ်စုမှာ ဆရာ၀န်ဖြစ်ခဲ့တဲ့လူတစ်ယောက်ပါတယ်။ ခနနေရင်ပြန်လာတော့မှာပါ"

"တင့်ခ်ကြားလား ဆရာ၀န်တစ်ယောက်ပါတယ်တဲ့။ခနလောက်တောင့်ခံထားအုံးနော်"ချန်းလီ၀မ်းသာအားရနဲ့‌သူ့ရင်ခွင်ထဲမှာရှိနေတဲ့လူကိုပြောလိုက်သည်။

Zombie အဖြစ်ကူးပြောင်းလာသောMc(zombie အဖြစ်ကူးပြောင်းလာသောmc)Where stories live. Discover now