2

244 20 0
                                    

(    ကြယ်တွေ ရဲ့အဓိပ္ပာယ်ကိုသိလား ?
လမ်းပြသူတဲ့ !! ငါ့ကမ႓ာမှာတော့ ကြယ်မရှိဘူး   )

DIAMOND CLUB
DJ သံခပ်မြူးမြူးပျံနှံနေပြီး မြေအောက်ခန်းထဲမှာဆောက်ထားတဲ့ Blacklist club မျိုးကို STAR HOTELဆိုတဲ့ 5stars Hotel ရဲ့ မြေအောက်ခန်းထဲမှာ ဖွင့်ထားသည် !! တော်ရုံလူဝင်ခွင့်မရှိတဲ့ Club ကို နာမည်ကြီးရုပ်ရှင်မင်းသား မင်းသမီးတွေတောင် ဝင်ခွင့်မရှိဘူး !!ငွေကိုရေလိုသုံးနိုင်ပြီး လူ့အသက်ကို ငွေနဲ့တန်ဖိုးဖျက်နေကြတဲ့ မြေကြွက်တစ်ချို့ ကျက်စားရာ မြေအောက်Diamond Club ကိုဘယ်သူဖွင့်ထားလဲဆိုတာတော့
စဉ်းစားစရာစရာတောင်မလိုဘူး BLACK ဂိုဏ်း ကသူတို့ရဲ့ ကုန်ပစ္စည်းတွေကို ဒီCLUB မှာ အရောင်းအဝယ်လုပ်ကြသည် !!

မူးယစ်ဆေးကို မုန့်ဝယ်သလို ဝယ်လို့ရနေတဲ့
Diamond CLUB  မှာ ဒီထက်စျေးအပေါဆုံးက မိန်းမတွေပဲ !! ငွေမြင်တိုင်း ငန်းငန်းတက် ချွတ်ပြနေတဲ့မိန်းမတွေကတော့ သူတို့အတွက် အကောင်ကြီးကြီးအမှီးရှည်ရှည် မြေကြွက်မျိုးကို ရအောင်ရှာတယ် ! ပြီးရင်
တော့ များပြားလှတဲ့ Hotel Room တစ်ခန်းယူပြီးစိတ်ကြိုက်ပျော်ပါးရုံပဲ !  သူတို့ရဲ့ အဓိက ရည်မှန်းချက်ကတော့ $ နဲ့ချီတဲ့ ငွေကို တစ်ရက်ထဲနဲ့ ဖြုန်းလိုက်ဖို့ပဲ !!

( CEO Room ) Star Hotel !

တဒေါက်ဒေါက် တံခါးခေါက်သံနဲ့အတူ အတွင်းရေးမှူးမလေး Yoo က CEO အခန်းထဲကိုဝင်လာသည် !! သူမမျက်နှာပေါ်မှာချိတ်ဆွဲထားတဲ့အပြုံးက ကော်ဖီခွက်ထဲက
သကြားတွေလို ချိုမြိန်နေတာပဲ !! ပေါင်အလယ်ရောက်ခါနီးအခွဲကြောင်းနဲ့ သူမရဲ့ ခြေတံတွေကို ထင်သာအောင်
လမ်းလျှောက်ရင်း စားပွဲခုံတစ်ခုအရှေ့မှာ သူမခြေလှမ်းတွေကို ရပ်တန့်လိုက်သည် !!

"   CEO  ဒီနေ့ interview ဖြေမဲ့လူလာပါပြီ   "

"   အထဲဝင်ခိုင်းလိုက်   "

"   ဟုတ်ကဲ့  ဒါဆို ~~   "

Chanyeol သူ့ရှေ့ကနေ မသွားသေးပဲ ကြည့်နေတဲ့ကောင်မလေးကြောင့် တစ်ချက်ပြုံးလိုက်ရင်း သူမပြောချင်ဆုံး စကားတစ်ခွန်းကိုပြောလိုက်တယ် ~~

"    ဒီနေ့မင်းသိပ်လှတယ် ~  "

မိန်းမတွေရဲ့အဓိက အားနည်းချက်က ငွေရယ် အချစ်ရယ်အဲ့နှစ်ခုလုံးပါသွားရင်တော့ အဲ့မိန်းမက ရူးသွပ်သွားပြီ !!အခုလည်း စကားတစ်ခွန်းကြောင့်သေမတတ်ပျော်ရွှင်နေ
တဲ့ သူမကတော့ နောက်အခွင့်အရေးတစ်ခုကို စတင်သုံးသည် !!

First Person (  ပထမလူ )Where stories live. Discover now