" Baby ~ ကိုယ်ဝင်လာပြီနော် ? "
တံခါးဝကနေ အော်ဂလီဆန်သောအခေါ်အဝေါ်ကြောင့်
Kyungsoo နှုတ်ခမ်းတွေ အလိုလိုပြုံးမိသွားသည် !!
သို့သော် သူမသိချင်ယောင်ဆောင်ကာ အရှေ့က
Computer ကိုအာရုံစိုက်ပြီး လုံးဝလှည့်မကြည့်ဘူး !သတိထားစမ်း Kyungsoo သူမင်းကိုတမင် လှည့်စား
နေတာ !!! အဲ့Yeol ကကောင်းတာမဟုတ်ဘူး !!" Soo ~ ကိုယ့်ကိုစိတ်ဆိုးနေတုန်းလား ? "
" အဟမ်း ! "
" Soo~ ကိုယ့် Sooလေး ~ Baby ~ ကိုယ်
တောင်းပန်ပါတယ်နော် ~ "ကြောင်လေးတစ်ကောင်လို ပွတ်သီးပွတ်သက်နဲ့ သူ့ကို
အနောက်ကနေ ပွေ့ဖက်ကာ တတွတ်တွတ်ပြောနေသော
Chanyeol ကြောင့် Kyungsoo ရယ်ချင်နေတဲ့
သူ့နှုတ်ခမ်းတွေကိုဖိကိုက်ထားလိုက်သည် ! ဒီလောက်
လေးနဲ့ အရည်ပျော်ရအောင် သူကရူးနေတာမှမဟုတ်တာ" ဒီနေ့လေ Baby အဖေဆီ ကိုယ်နှုတ်ဆက်စာတင်
လိုက်တယ် ! သူကပြောတယ် Baby ကိုတိုင်ပင်လိုက်
ဦးတဲ့ "ကောင်းတယ် ! ပြီးရင်ထောင်ထဲကနေ တစ်သက်လုံး
ပြန်မထွက်လာနဲ့ !!" ဒါပေမဲ့ကိုယ်လည်းစဉ်းစားကြည့်တော့ ! ကိုယ်ထွက်
သွားရင် Baby တစ်ယောက်ထဲကျန်ခဲ့မှာမှတ်လား ? "အမလေး မြန်မြန်သာ ကြွ ! မရှိလေကောင်းလေးပဲ !!
" Baby ကိုယ့်ကိုချစ်လား ? "
Park Chanyeol ခင်များအဲ့အသံနဲ့မပြောနဲ့ သတ်
ချင်လာပြီနော် !!! ရူးနေလို့ချစ်ရမှာလား ? သစ္စာဖောက်!" BABY ~ baby ~ baby ~ ချစ်တယ် ~ "
yar !!!! Park Chanyeol *
" ခင်များ စာလုပ်နေတာကိုဘာလို့လာရှုပ်နေတာလဲ "
" ကိုယ်တကယ်တောင်းပန်ပါတယ် Soo~ ဒီအတိုင်း
ကိုယ်က Soo အမြဲတမ်း သခင်ရိုက်တာခံနေရလို့ ကိုယ့်
Soo ကို တမင်စိတ်ဆွပေးလိုက်ရုံပဲ ! အခုကြည့်လေ
Baby အရင်ကလို သိပ်မငိုတော့ဘူးမှတ်လား "" ငိုရအောင် ကျွန်တော်ကလေးမဟုတ်ဘူး "
" ဟုတ်လား ? မသိပါဘူး အရင်တုန်းကဆို ဘယ်က
ကောင်လေးတစ်ယောက်လဲမသိဘူး ကိုယ့်ရင်ခွင်ထဲမှာ
လာလာငိုနေလို့ ကြာရင် မျက်ရည်တွေ ခန္ဓာကိုယ်ထဲ
စိမ့်ဝင်သွားမှာတောင်စိုးနေတာ "