ကြယ်လေးတွေနဲ့နေမင်းဆိုတာ ဘယ်လိုမှဆုံဆည်းခွင့်မ
ရှိပါဘူး ……တူညီတဲ့အချိန်နဲ့နေရာလွတ်လေးမှာပဲထာဝရရှိနေကျလို့ပါ
ကိုတို့နှစ်ယောက်က နေ့နှင့်ည ရေနဲ့မီးလိုမျိုး
နောက်ဆုံးမှာအတူ မဆုံစည်းနိုင်ပါဘူး ……
အဖြူရောင် Angle လေးတစ်ပါးဟာ ကျွန်တော့်အား
စာနာမှုအပြည့်ဖြင့် ပြုံးကြည့်နေတယ် … နှုတ်ခမ်းက သီ
ဆိုသော သီချင်းစာသားများကို သိနေတဲ့အလား … သူ
လူတစ်ယောက်ရဲ့လက်ကိုတွဲပြီး ကျွန်တော့်ကိုကြည့်နေ
တယ် မျက်ဝန်းက တစ်စွန်းတစ်စ ထွက်နေတဲ့ မျက်ရည်
တွေကိုတော့ ဘယ်သူမှမြင်မယ်မထင်ပါဘူး !!အဖြူရောင် စားပွဲဝိုင်းလေး 10 ဝိုင်းလောက်သာခင်းထား
သော မြက်ခင်းပြင်ကပွဲတစ်ခု … အနီရောင်နှင်းဆီတွေနဲ့
တန်ဆာဆင်ထားသည် … ကင်မရာမီးရောင်တွေမပါပဲ
အသဲပုံ မီးလုံးလေးတွေကို ပတ်ပတ်လည် ချိတ်ဆွဲထား
တယ် ……နောက်ဆုံးအချိန် နောက်ဆုံးစက္ကန့် နောက်ဆုံးနေ့ရက်
တစ်ခုမှာ … အဝေးဆုံးကိုလွှင့်စင်ပျောက်ကွယ်တော့မဲ့
နှလုံးသားတစ်ခုအတွက် သိပ်သနားစရာကောင်းလွန်း
တယ် …… အချစ်သည် ရယူပိုင်ဆိုင်ခြင်းဆို ပေးဆပ်ခြင်း
သည် အဆုံးမဲ့သော ချစ်ခြင်းတစ်ခုပါလား ??? ဒါဆို
ကိုယ့်လောက်ဘယ်သူကများ မင်းကိုချစ်နိုင်မလဲ ?ရင်ထဲပူလောင်ပြီးနှလုံးသားထဲဒဏ်ရာများရှိနေတာတောင်
မင်းကိုပဲ တမ်းတနေမိတယ် ……
မင်းကို တောင်းတရင်း တောင်းတနေမိတယ်
စိုးရိမ်စွာ ဆုတောင်းရင်း မင်းကိုတွေ့ခွင့်ရပါ့မလား
ဒီနေ့လည်းတုန်ရီနေတဲ့ကိုယ့်စိတ်ကိုဘယ်လိုထိန်းရမလဲ
အိပ်ပျက်ခဲ့တဲ့ညများ
ထိုးဖောက်ခံရတဲ့ နှလုံးသား
ပူဆွေးရတဲ့ဒီညလေး
ကြေကွဲနေတဲ့နှလုံးသားတစ်စုံ