28

84 11 0
                                    

အသည်းကင်ဆာ အဆင့် 3 … Jongdaeရဲ့ စကားများ
ကိုနားထဲမကြားတစ်ချပ် ကြားတစ်ချပ်ဖြင့် လက်ထဲမှာ
ရှိနေသော Wedding ဖိတ်စာလေးပေါ်ကို မျက်ရည်
တစ်စက်ဟာ အလုအယက်ခုန်ဆင်းသွားသည် ……

Jongdae သူ့လက်ထဲကYeolရဲ့  ဆေးစစ်ချက်ကို
ကြည့်ရင်း စိတ်တွေလေးလံလာမိကာ တစ်ချိန်ထဲမှာပင်
ခေါင်းမာလှသော သူ့သူငယ်ချင်း Kyungsoo အတွက်
စဉ်းစားမိပြန်သည် ……

"    မင်းဘာဆက်လုပ်မှာလည်း Chanyeol  …  "

Chanyeol သူ့လက်ထဲက အဝါနုရောင် ဖိတ်စာလေး
ကို Jongdae ဆီလှမ်းပေးလိုက်ရင်း ………

"   ငါဘာဆက်လုပ်သင့်လဲ ?   "

Jongdae သူ့အရှေ့မှာရှိနေသော Yeol ကိုကြည့်ကာ
မျက်ရည်တောင်ဝဲလာမိသည် …… 5နှစ်တာလုံးလုံး
စောင့်ခဲ့ပြီးမှ နီးစပ်ဖို့လည်းကြံရော ကံကြမ္မာသည် ယုတ်
မာလွန်းသည်မဟုတ်လား ? ကျွန်တော်မတွေးနိုင်သော
နာကျင်မှုသည် Chanyeol တစ်ယောက်ဘယ်လောက်
တောင် ခံစားနေရမလဲ ??

"    ငါဘာဆက်လုပ်ရမလဲ ?    "

ကျွန်တော်သည် အတ္တဆန်စွာဟိုအရူးကောင်ကို စွန့်လွတ်
ဖို့မပြောချင်ခဲ့ပါ … လက်ထပ်ပွဲကို ဖျက်သိမ်းဖို့ မပြော
ရက်ခဲ့ပါ ……… ဘာဆက်လုပ်သင့်လဲဆိုတဲ့အချက်ကို
ကျွန်တော်တကယ်အကြံမပေးတတ်ခဲ့ပါ … ဒီကိစ္စကို
Kyungsoo သိပါက ဒီတစ်ခါ သူ့ရောဂါသည် ပြန်
ကောင်းနိုင်ဖို့ လမ်းမရှိတော့မှန်းလည်း ဆရာဝန်တစ်
ယောက်အနေနဲ့ သိသည် !!!  ဒါဆို ဘာလုပ်ရမလဲ ?

နာကျင်ခြင်း မွန်းကျပ်ခြင်းတွေပြည့်နက်နေသောနှလုံးသား
သည် … ရင်ဘက်ထဲကနေတစ်ဆစ်ဆစ်ဖြင့်ကိုက်ခဲနေ
သော်လည်း ဆရာဝန်ပေးသော ဆေးအားကျွန်တော်မ
သောက်မိခဲ့ပါ ………

"    ငါကတော့ အစားထိုးကုသသင့်တယ်လို့ထင်တယ်
Chanyeol  ဘာပဲဖြစ်လာဖြစ်လာ လုပ်ကြည့်သင့်
တယ်    "

Huk *  ဘာပဲဖြစ်လာ ဖြစ်လာ ?  အဲ့လိုလုပ်လိုက်လို့
ငါပိုပြီး စောစောသေသွားရင်ရော ? ငါသေရမှာမကြောက်
ပါဘူး  ဒါပေမဲ့ ငါမရှိတော့ရင် တစ်ယောက်ထဲရှိနေတော့
မဲ့ Soo အတွက် ငါကြောက်နေတာ …… ငါ့ကိုယုံကြည်
ပြီး ငါ့လက်ကိုကိုင်ထားတဲ့လက်လေးကို ငါဘယ်လို ဖြုတ်
ချရမလဲ ?  ငါမရှိတော့ရင် ဘယ်သူကသူ့ကိုဂရုစိုက်မှာ
လည်း ? ငါမရှိတော့ရင် သူ့အေးတဲ့အခါတိုင်းဘယ်သူပွေ့
ဖက်ပေးနိုင်မလဲ ??  ငါသာမရှိခဲ့ရင် ……… ငါသာ……

First Person (  ပထမလူ )Where stories live. Discover now