31

113 11 1
                                    

5 နှစ်ကြာပြီးနောက် ………………

အချစ်တစ်ခုအား ပဟေဋ္ဌိဖွက်တိုင်း ကစားကြရအောင်
ဘယ်သူက ဘယ်သူ့အတွက် ဘယ်လောက်တောင်
စတေးကာ ချစ်ပြနိုင်ပါသလဲ သက်သေပြကြည့်ရအောင်…
ဒါဟာ အချစ်ကြောင့်လည်း ဖြစ်နိုင်သလို ဒါမဟုတ် သစ္စာ
တရားရဲ့ အကြောင်းပြချက်တစ်ခုလည်း ဖြစ်နိုင်တာပေါ့ …

အချစ်ဆိုတာ ဘာများလဲ ဆိုပြီး မေးခွန်းကိုမေးနေချိန်
ဒီမေးခွန်းကို Next လုပ်လိုက်ကာ နောက်ထပ် မေးခွန်း
တစ်ခုထပ်လာတယ် ………

ထာဝရဆိုတာ ဘာလဲတဲ့ …… ကျွန်တော် ဒီတစ်ခုတော့
ရိုးရိုးလေးဖြေလိုက်တယ် …… အချစ်ဆိုတာမဖြေခဲ့တဲ့
ကျွန်တော့်မှာ ထာဝရ မရှိဘူးလို့လေ  အဲ့ဒါနဲ့ နှလုံးသား
ပန္တယားက Error ပြရင်း အချစ်ဟာ ထာဝရ မဟုတ်ပါ
ဘူးတဲ့လေ ……

ဟင် ?  ကျွန်တော်နားမလည်ဘူး  ဒါဆို ထာဝရဆိုတာ
ဘာလဲဆိုတော့ … အတ္တနဲ့ သစ္စာတရားပေါင်းစပ်ထားတဲ့
ကြိုးမျှင်လေးတစ်ခုပါတဲ့ !!  ဒါဆို အချစ်ဟာ အောင်နိုင်
သူမဟုတ်ဘူးပေါ့နော်လို့ ကျွန်တော်မေးတော့ ……

အချစ်ဆိုတာ …… ပြောင်းလဲတတ်တဲ့ သက်မဲ့ နာမ်စား
တစ်ခုဖြစ်ပြီး ထာဝရ မဟုတ်ပါဘူးတဲ့လေ ~~

ဒါဆို ကျွန်တော့်ရဲ့ နှလုံးသားကို ဘယ်သူပိုင်ဆိုင်ပါသလဲ ?

********************************

5 နှစ် …… ဆိုသောအချိန်ကုန်လွန်သွားတဲ့နောက်မှာ
အတိတ်ကာလအရ ရက်ပေါင်း1800 ကျော်ကိုကျွန်တော်
အရမ်းမုန်းသော black Coffee တစ်ခုကိုဖျော်ရင်း
အေးချမ်းစွာကုန်ဆုံးနေပါတယ် ……

တစ်ခါတစ်လေ ကျွန်တော့်ဘေးနားမှာ ရယ်စရာပြောပြမဲ့
လူတွေရှိတယ် … တစ်ခါတစ်လေ ကျွန်တော့်တစ်ခုခုဖြစ်
မှာစိုးရိမ်ပြီး အရိပ်တကြည့်ကြည့် ဖြစ်နေတဲ့ လူတွေရှိတယ်
Friday တိိုင်းကျွန်တော့်ဆီရောက်လာတတ်တဲ့ အနီ
ရောင် နှင်းဆီပွင့်တွေရှိတယ် …… 

အဝါရောင်စက္ကူပုံးထဲအပြည့်ဖြစ်နေတဲ့ နှင်းဆီပန်းခြောက်
တွေကို ကျွန်တော်အမြတ်တနိုးသိမ်းထားတယ် … ဒါကို
ဘယ်သူပေးလဲလို့ ကျွန်တော်လိုက်မေးမနေဘူး ! ဘာလို့
ဆို ဘယ်သူပေးခိုင်းလဲဆိုတာ ကျွန်တော်သိနေတဲ့အတွက်
မေးစရာမလိုဘူးလို့ထင်တယ် ……

First Person (  ပထမလူ )Where stories live. Discover now