First Person - 6

999 79 2
                                    

ဒုတိယထပ် တတိယထပ် တဖြည်းဖြည်းနဲ့ ကျယ်လောင်
နေသော နှလုံးခုန်သံတွေက ပထမဆုံးအခန်းတံခါးလေး
ရှေ့မှာ လဲပြိုသွားသည် ! အဲ့အချိန် သူ့စိတ်တွေက ဒွိဟ
ဖြစ်ကာ တံခါးလက်ကိုင်လေးပေါ်ကို တံခါးဖွင့်ဖို့ လက်တင်
လိုက်ပြီ ဆိုရင်ပဲ မသွားဖို့ သတိပေးနေတယ် ~

သူဒီအိမ်ကို ဘာရည်ရွယ်ချက်နဲ့လာခဲ့တာလည်း ????
သူဘာလို့ BLACK ကိုမရရအောင် ဝင်ချင်ခဲ့တာလည်း
ဒါတွေဟာ လူတစ်ယောက်အပေါ် ကျရှုံးဖို့တော့ မဟုတ်
ခဲ့ဘူး !!

အစွန်းမရောက်ခင် သူ့စိတ်တွေကို ထိန်းချုပ်လိုက်ပြီး !
တံခါးလက်ကိုင်ပေါ်က သူ့လက်တွေကို ရုပ်သိမ်းလိုက်
သည် ~

" သတိထားစမ်းပါ jongin !! "

လှုပ်ရှားနေသော နှလုံးသားသည် သခင့်အလိုကျ တိတ်
ဆိတ်ငြိမ်သက်သွားတော့မှ ~ လှောင်အိမ်ထဲပိတ်နေတဲ့
လိပ်ပြာလေးတစ်ကောင်လို သူဟာ အနီးနားက SOFA
ခုံလေးမှာထိုင်ပြီး အခန်းတံခါးလေးကိုသာ ငေးကြည့်နေ
ခဲ့တယ် !! မြိုသိပ်မှုတွေ ကျယ်လောင်စွာ ပေါက်ကွဲနေ
သော ရင်ဘက်တစ်စုံအတွက် သူဟာအမြဲတမ်း အမိန့်
နာခံတဲ့ ခွေးတစ်ကောင်လိုပဲ !! တစ်ချိန်တော့ သူဟာ
မြေခွေးတစ်ကောင်ဖြစ်ကြောင်း အစွယ်ထုတ်ပြရမည် !

* * * * * * * * *

Chanyeol သူ့ရဲ့ခရီးဆောင်အိတ်ကို ပြိုင်ကားပေါ်က
နေချလိုက်ကာ Jongin ကိုအပေါ်ထပ်က Soo အခန်း
ကိုလာပို့ပေးဖို့ပြောလိုက်သည် ! !

ညနေ 6:30 ကျော်နေ၍ ခပ်မှိတ်မှိတ်သာလင်းနေသော
ကောင်းကင်ရဲ့အလင်းရောင်ကြောင့် အိမ်ကပန်းဆွဲမီးတွေ
ကို ဖွင့်ထားသော်လည်း လူမရှိတဲ့ ဒုတိယထပ်ကတော့
အမှောင်ကျနေတုန်းပဲ !! လှေကားထပ်လောက်မျှသာ
ဖွင့်ထားသော မီးရောင်နဲ့အတူ Chanyeol အပေါ်ဆုံး
ထပ်ကိုတက်လိုက်သည် ! အရင်လို အခန်းထဲမှာမဟုတ်
ပဲ အပြင်ဧည့်ခန်းက Sofa ပေါ်မှာထိုင်နေသော Soo
ကြောင့် သူ့ခြေလှမ်းတွေဟာ Soo အနားကိုသာ ဦးတည်
လိုက်သည် !!

" ဘာလုပ်နေတာလဲ Soo ~ "

" ပြန်လာပြီလား ? Yeol ? ဒီနေ့ဘယ်သွားနေတာလဲ "

" ကိုယ်အဝတ်အစားတွေသွားယူတာ ~ Soo နဲ့အတူ
နေမလို့ ပြီးတော့အလုပ်တွေလည်း အပြီးသတ်နေရတာ
နည်းနည်းကြာသွားတယ် "

First Person (  ပထမလူ )Where stories live. Discover now