16

99 16 2
                                    

ကျွန်တော်ချစ်တဲ့လူကို သဝန်တိုမိတာ ကျွန်တော်မှားသွား
လား မပြောတတ်ပေမဲ့ ဒါဟာ ကျွန်တော်ရဲ့ချစ်ခြင်းကိုဖော်
ပြချက်တစ်မျိုးပဲ ! တစ်ယောက်နဲ့တစ်ယောက်ရန်ဖြစ်ပြီး
သူကြိုက်သလောက်ပြောဆိုနိုင်ပေမဲ့ အခြားတစ်ယောက်
အပေါ် ရယ်မောကာ စိတ်ဖြေဖျောက်နေတဲ့ သူ့ကိုဘယ်လို
နားလည်ပေးရမလဲ ?

အရင်က တစ်ခုခုဆို ကျွန်တော့်ကိုနားလည်မှုအပြည့်ပေး
နိုင်တဲ့ ချစ်သူတစ်ယောက်ဟာ အခုတော့ တစ်ခုခုဆိုထိ
လိုက်တာနဲ့ ပြိုလဲတော့မဲ့ သဲအိမ်တစ်လုံးလိုပဲ !!

သူရယ်နေတယ် ကျွန်တော့်မပေါ်ပျောက်ကွယ်ခဲ့တဲ့ အပြုံး
မျိုးကိုပြုံးပြီးရယ်ပြနေတယ် ~ ကျွန်တော်မျော်လင့်ချက်
တွေ တိမ်တိုက်တစ်ခုလုံလွှင့်စင်ကုန်ပြီ !! အတတ်နိုင်ဆုံး
ဟုတ်တယ် အတတ်နိုင်ဆုံး ကျွန်တော့်အချိန်တွေစတေး
ပြီး အနားမှနေခဲ့တာ ~~ စိတ်ရောဂါသည်တစ်ယောက်
ကိုဘယ်လိုနားလည်ပေးရမလဲမသိပေမဲ့ သူကျွန်တော့်
ချစ်ခြင်းတွေကို အမြဲတမ်း မယုံကြည်ခဲ့ပေမဲ့  တစ်ချိန်
တော့ အချစ်သာစစ်မှန်ခဲ့ရင် သူကျွန်တော့်ကို ပြန်ပြီး
ယုံကြည်လက်ခံပေးလာမယ်ထင်ခဲ့တာ !!

အရင်လိုစိတ်ဆိုးစိတ်ကောက်တဲ့ ချစ်သူတစ်ယောက်ကို
ပြန်လိုချင်တယ်  အခုလို သံသယမျက်လုံးတွေထက်တော့
သာတယ်မှတ်လား ? 

Chanyeol Kyungsoo ထားခဲ့တဲ့ အိတ်လေးကို
ကောက်ယူလိုက်ကာ ဘေးနားကအမှိုက်ပုံးထဲကိုထည့်
လိုက်သည် ! သူဒီအကျီင်္မလိုချင်တော့ဘူး ! တစ်နည်း
အားဖြင့် Soo အပြုံးကိုစွန့်ကျဲခဲ့တဲ့ အဲ့ကောင်ထိထားတဲ့
ဘာပစ္စည်းမှမလိုချင်ဘူး !! 

သူတကယ်ပင်ပန်းနေတဲ့အချိန်မှာ အမျိုးမျိုးကြိုးဆွဲခံနေရ
တဲ့ BLACK ရဲ့အခြေအနေ Star hotel ရဲ့ ပြသနာ
တွေကြားမှာ အိမ်ပြန်လာရင်တော့ အရာရာ ငြိမ်းချမ်းမယ်
ထင်ခဲ့ဘူးတာ  အခုတော့ တကယ်ပင်ပန်းနေပြီ !!

အဖြူရောင်အိပ်ယာထက်မှာ စိတ်ပျက်လက်ပျက်လှဲချ
ရင်း အရင်က ဘေးမှာအမြဲတမ်းငြိမ်းချမ်းစွာ အိပ်နေတတ်
တဲ့ SOO အရမ်းလွမ်းတယ် ~ ဘေးချင်းယှဉ်လျက်နဲ့
စိတ်ချင်းဝေးနေတဲ့ သူတို့နှစ်ယောက်ကြားမှာ ဘာဆက်
လုပ်ရင် ဘာဖြစ်နိုင်မလဲဆိုတာ သူတကယ်မသိဘူး "!
ထိလိုက်ရင်တောင် ဝေးကွာသွားမှာ သိပ်ကြောက်နေခဲ့
တာ ~~~

First Person (  ပထမလူ )Where stories live. Discover now