First Person ( Kiss ) - 5

1.1K 97 0
                                    

(  နတ်ဆိုးရဲ့ အပြုံးမှာ မှင်သက်ခဲ့တဲ့ ငါ့နှလုံးသားက
သူ့ကိုယ်သူ ရပ်တန့်လိုက်ဖို့ ပြောနေသည်   )

အဖြူရောင် မွေ့ရာထဲ နှစ်ဝင်နေတဲ့ ကိုယ်လေးဟာ
အတော်လေး ပိန်သွားခဲ့သည် ! ပိုးဟပ်ဖြူလေးလို
ဖျော့ရော့နေတဲ့ အသားအရည်က တွေ့ထိလိုက်ရင်
ပဲ့ကြွေသွားမှာစိုးလို့ အလှငေးနေရတဲ့ ကြွေရုပ်လေး
အတိုင်းပဲ !! သိပ်ကိုလှတဲ့ ကြွေရုပ်လေးပေါ့ !!

ခြေကျင်းဝတ်မှာစီးနှောက်ထားတဲ့ အဖြူရောင်ပတ်တီး
စကြောင့် သွေးကြောလေးတွေ မစီးဆင်းတော့မှာ သူ
စိုးရိမ်မိသေးသည် !!  သိပ်ကိုငြိမ်သက်လွန်းတဲ့ သူ့
နှလုံးသားကတော့ အဖြူရောင် အိပ်ရာလေးပေါ်မှာ
နှစ်ခြိုက်စွာ အိပ်ပျော်နေတယ် ~

Chanyeol  အိပ်ရာပေါ်မှာ ဖြေးညှင်းစွာထိုင်ရင်း
Kyungsoo နဖူးပေါ်ကျနေတဲ့ ဆံပင်လေးတွေကို
ပင့်တင်လိုက်သည် ! မြန်ဆန်လာသော နှလုံးသားဟာ
အလိုက်မသိစွာ ပေါက်ထွက်မတက်ခုန်နေရင်း ဆူညံ
နေတယ် !

"   ကိုယ်မင်းကို သိပ်ချစ်တယ် Soo~  "

မင်းရဲ့အရာအားလုံးကို တန်ဖိုးထားနေမိတဲ့ ကိုယ့်အတွက်
အခုလို ကိုယ့်အနားလေးမှာ အိပ်စက်နေရင်တောင် ကျေ
နပ်နေခဲ့တာ ~ ဘယ်လောက်ပင်ပန်းနေမလဲ ? မင်းရဲ့
နာကျင်မှုတွေ ကိုယ်ထမ်းပိုးထားလို့ရရင် သိပ်ကောင်း
မှာပဲ ! အရင်လို ပြန်ဖြစ်ဖို့ ဘယ်လိုပေးဆပ်မှုမျိုးနဲ့ ကိုယ်
ပေးဆပ်ရမှာလည်းကွာ ~~~

"   Yeol ~  "

"    နိုးလာပြီလား Soo~ ခြေထောက်နာနေသေးလား "

"   မနာတော့ဘူး ~ Jongdae ဆေးကုပေးတာသက်
သာသွားပြီ ! Yeol Jongdae က ဆရာဝန်ဖြစ်နေပြီ
ဆို ကျွန်တော်တောင်မသိလိုက်ဘူး   !   "

" မကြာသေးပါဘူး Soo ရဲ့ ဘာလို့လဲ အားကျလို့လား"

"   ဟင့်အင်း ~ ကျွန်တော့်မှာ Yeol ရှိနေတာပဲ   "

Chanyeol  Kyungsoo လက်လေးကို ဆုပ်ကိုင်
လိုက်သည် ! ကိုယ့်အတွက်လည်း Soo ရှိနေတာ
အကောင်းဆုံးဆုလဒ်တစ်ခုပဲ !

လေးတိုးသံတောင်မကြားရတဲ့အခန်းလေးဟာ တိတ်
ဆိတ်လွန်းပြီး သူတို့နှစ်ယောက်ရဲ့ ရင်ခုန်သံ နဲ့ တွေ့ထိ
နေတဲ့ အသက်ရှူသံခပ်နွေးနွေးကလွဲပြီး အရာအားလုံး
ဟာ ဆိတ်ငြိမ်နေသည် !! ခပ်မှောင်မှောင်အခန်းလေး
ဟာ   နေရောင်ခြည်ခပ်ပျောက်ပျောက်တောင် မမြင်
ရပဲ အပြင်ကအလင်းရောင်ကြောင့်သာ ခပ်ပြပြလေး
လင်းနေတယ် ~

First Person (  ပထမလူ )Where stories live. Discover now